မော်တော်ယာဉ်နှင့် စက်ပစ္စည်းများ

ကုန်စည်ပို့ဆောင်ရေးနှင့် ကုန်ဝယ်ယူရေး အေးဂျင့်လုပ်ငန်းတစ်ခုကိုသုံး၍ ဝယ်ယူသည့်ကုန်များ ပို့ဆောင်ရေးနှင့် ဘဏ္ဍာရေးပိုင်းဆိုင်ရာကို တစ်ပြိုင်တည်း ထိရောက်တွက်ခြေကိုက်အောင် ဆောင်ရွက်ပေးခြင်း

ဝယ်ယူသည့်ကုန်များ ပို့ဆောင်ရေး၏ ထိရောက်တွက်ခြေကိုက်မှုကို တိုးမြှင့်ပြီး တစ်ချိန်တည်းမှာပင် ပြည်ပရှိ စက်ရုံများသို့ ဝယ်ယူထားသည့် ပစ္စည်းအစိတ်အပိုင်းများ သယ်ယူပို့ဆောင်ခြင်းအတွက် "ကုန်စည်ပို့ဆောင်မှုပိုင်းဆိုင်ရာ ဘဏ္ဍာရေး ဝန်ဆောင်မှု" ကို မိတ်ဆက်ပေးခြင်းဖြင့် ယခုအခါ Nippon express သည် ကုန်စာရင်းကို အကျဉ်းချုံးခြင်း၊ ငွေလည်ပတ်မှုကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခြင်း၊ ချေးငွေများ လျှော့ချခြင်းနှင့် ဘဏ္ဍာရေးပိုင်းဆိုင်ရာ ကုန်ကျစရိတ်များကို လျှော့ချခြင်းဖြင့် ဖောက်သည်၏ အလုံးစုံ ဘဏ္ဍာရေး အခြေအနေကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်သည်။

ဖောက်သည် အရေးကိစ္စများနှင့်ရည်ရွယ်ချက်များ

ပြည်ပ ကုန်ထုတ်လုပ်မှုစက်ရုံများရှိ အစိတ်အပိုင်းများ စာရင်းသည် ဝယ်လိုအားအပြောင်းအလဲကြောင့် အမှန်တကယ် လိုအပ်ချက်များနှင့် ရံဖန်ရံခါ ကွဲလွဲလေ့ရှိပြီး စက်ရုံ၏ အဝယ်တော် ဝန်ထမ်းများအပေါ် ပိုမိုကြီးမားသော စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို ဖြစ်စေသည်။ လိုအပ်ချက်များ ရုတ်တရက် ခုန်တက်သွားခြင်းက ကုန်ထောက်ပံ့သူ၏ ကုန်ထုတ်လုပ်မှု ဝန်ပမာဏကို မြင့်တက်စေပြီး စက်ရုံဘက်မှ ပစ္စည်းပြတ်မည်ကို စိုးရိမ်မှုက ကုန်ပစ္စည်းပိုလျှံခြင်းကို ဖြစ်စေသည်။ ကုန်ပစ္စည်းစာရင်းတွင် မြင့်တက်လာခြင်းနှင့် အစိတ်အပိုင်းများ၏ ဈေးနှုန်း အလွန်အမင်း မြင့်တက်လာခြင်းက စက်ရုံလည်ပတ်မှုများကို ငွေကြေးပံ့ပိုးရန် နောက်ထပ် ချေးငွေယူရမှုများနှင့် အတိုးနှုန်းကြောင့် ကုန်ကျစရိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများ ဖြစ်လာစေသည်။

အစိတ်အပိုင်းများ ဝယ်ယူမှုကို ပြည်ပစက်ရုံများတွင်သုံးသော လက်ရှိ PULL အမျိုးအစား စီမံခန့်ခွဲမှုပုံစံမှ ဂျပန်ရုံးချုပ်မှ စီမံလည်ပတ်သော PUSH အမျိုးအစား စီမံခန့်ခွဲမှု ပုံစံသို့ ပြောင်းလိုက်ခြင်းဖြင့် ပြည်ပ စက်ရုံများတွင် ကုန်ပစ္စည်းစာရင်း ထိန်းချုပ်မှုဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပါ။
ကုန်ပစ္စည်းစာရင်းက သင့်လျော်သော ပမာဏသို့ ရောက်ရှိသွားသည်နှင့် ငွေစာရင်းရှင်းတမ်းတွင် တိုးတက်မှုများပြလာပါမည်။
ချေးငွေပမာဏ လျော့ကျလာသည်နှင့် ငွေလည်ပတ်မှု တိုးတက်ကောင်းမွန်လာပါမည်။ 
ဝယ်ယူမှုအရေအတွက် တစ်သမတ်တည်းဖြစ်သွားသည်နှင့် ကုန်ထောက်ပံ့သူ၏ ကုန်ထုတ်လုပ်မှု ဝန်ပမာဏကို လျော့ကျသွားစေပါမည်။

ဖြေရှင်းနည်းများ

NX Groupသည် ကုန်သွယ်ရေးဌာနအဖြစ် ဆောင်ရွက်၍ ဒေသတွင်း စက်ရုံများကိုယ်စား ဝယ်ယူထားသော အစိတ်အပိုင်းများကို ထိန်းသိမ်းထားပေးခြင်းဖြင့် “ကုန်စည်ပို့ဆောင်မှု ထိရောက်မှုရှိရေး ဝန်ဆောင်မှု”နှင့် “ကုန်ဝယ်ယူမှု ကိုယ်စားလှယ်တာဝန်”တို့ကို ပေါင်းစပ်၍ ဝယ်ယူသည့်ကုန်များ ပို့ဆောင်ရေးနှင့် ဘဏ္ဍာရေးပိုင်းဆိုင်ရာကို လွယ်ကူချောမွေ့မှုရှိစေရန် လုပ်ဆောင်ထားပါသည်။

ဖြေရှင်းနည်း - အဓိကအချက်များ

  • ကုန်အတင်အချလုပ်ချိန်၌ ကုန်စာရင်း အပါအဝင် နိုင်ငံတကာ ကုန်စာရင်းများကို မြင်သာမှုရှိအောင် လုပ်ဆောင်ပါ။ ကုန်ဝယ်ယူမှု စီမံခန့်ခွဲရေးကို ဂျပန်မှ အဓိကထိန်းချုပ်ဆောင်ရွက်ပါ။
  • ဖောက်သည်ဘက်မှ ကုန်စာရင်းများ တစ်သမတ်တည်းဖြစ်စေရန် ကုန်စည်ပို့ဆောင်မှုပိုင်းဆိုင်ရာ ဘဏ္ဍာရေး ဝန်ဆောင်မှုကို မိတ်ဆက်ပေးပါ။
  • သင့်လျော်သော ကုန်စာရင်း ပမာဏများကို ရရှိခြင်းဖြင့် ချေးငွေယူရခြင်းကို လျှော့ချပြီး အတိုးနှုန်းကုန်ကျစရိတ်များကို လျော့နည်းအောင်လုပ်ပါ။
  • ဝယ်ယူသည့် ပစ္စည်းအစိတ်အပိုင်း အရေအတွက်ကို တည်ငြိမ်မှုရှိအောင် သတ်မှတ်ပြီး ကာလတို ငွေပေးချေမှု သဘောတူညီချက်များကို သတ်မှတ်ခြင်းဖြင့် ကုန်ထောက်ပံ့သူများဘက်ရှိ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပြီး ကုန်ဝယ်ယူစရိတ်များကို တစ်ပြေးညီဖြစ်အောင် လုပ်ပါ။

အကျိုးသက်ရောက်မှုများနှင့် ကောင်းကျိုးများ

  • ပြည်ပစက်ရုံများရှိ အဝယ်တော် မန်နေဂျာများ၏ ဝန်ထုပ်ဝန်ပိုးကိုများစွာလျှော့ချပြီး၊ မရှိမဖြစ်လိုအပ်သော monozukuri (ကုန်ထုတ်လုပ်မှု) ပိုင်းတွင် ဗဟိုကချုပ်ကိုင်ဆောင်ရွက်သော ဝန်ဆောင်မှုရင်းမြစ်များ ကမ်းလှမ်းနိုင်စွမ်းရှိအောင် လုပ်ပါ။
  • ဖောက်သည်များက စိတ်ချရသည့် ကုန်ပမာဏများကို သိုလှောင်ထားခြင်းဖြင့် စက်ရုံများတွင် သင့်လျော်သော ကုန်ပမာဏရှိကြောင်း သေချာစေသည်။
  • လိုအပ်သောပမာဏသာ ဝယ်ယူခြင်းနှင့် စိတ်ချရသော ကုန်ပမာဏများကို သိုလှောင်ထားခြင်းဖြင့် ပစ္စည်းဝယ်ယူရန်သုံးသည့် ငွေများနှင့် ဘဏ္ဍာရေးပိုင်းဆိုင်ရာ ကုန်ကျစရိတ်များကို လျှော့ချပါ။
  • ဝယ်ယူမှုပမာဏအတက်အကျနည်းခြင်းသည် ကုန်ထောက်ပံ့သူများ၏ ကုန်ထုတ်လုပ်မှုပိုင်းတွင် တည်ငြိမ်မှုရှိစေပြီး ငွေပေးချေရန် သတ်မှတ်ကာလ ပိုမိုတိုတောင်းစေရန် ဘဏ္ဍာရေးပိုင်းကို ပိုမိုအထောက်အကူဖြစ်စေသည်

ဖြေရှင်းနည်း အင်္ဂါရပ်များ

  • စီမံခန့်ခွဲမှုရှုထောင့်မှတစ်ဆင့် ကုန်စည်ပို့ဆောင်ရေး တိုးတက်အောင်လုပ်ဆောင်မှုများအပြင် ကုန်စည် စီးဆင်းမှုတွင် အဆင့်မြှင့်တင်မှုများ
  • Group ၏ ဘဏ္ဍာရေးပိုင်းဆိုင်ရာ ကုမ္ပဏီခွဲတစ်ခုဖြစ်သော NX Capital နှင့်အတူ Nippon Express သည် ဘက်စုံပေါင်းစည်းထားသော ကုန်စည်ပို့ဆောင်ရေးနှင့် ဝယ်ယူရေး အေဂျင်စီ ဝန်ဆောင်မှုများကို ပံ့ပိုးပေးသည်။
  • Nippon Express သည် ပြည်တွင်း ကုန်ပစ္စည်းစာရင်သာမက ကုန်တင်ကုန်ချချိန်နှင့် ပြည်ပရှိ ကုန်ပစ္စည်းစာရင်းကိုပါ စေ့စေ့စပ်စပ် အခြေအနေ ပုံဖော်ပြသပေးသော ကုန်စည်ပို့ဆောင်ရေးနှင့် IT အခြေခံအဆောက်အအုံများဖြင့် လည်ပတ်ဆောင်ရွက်သည်။

Nippon Express ၏ "ကုန်စည်ပို့ဆောင်မှုပိုင်းဆိုင်ရာ ဘဏ္ဍာရေးဝန်ဆောင်မှု" ကို မိတ်ဆက်ပေးခြင်းအားဖြင့် ဖောက်သည်အတွက် ကြီးမားသော ကနဦး ကုန်ကျစရိတ်မရှိပဲ Pseudo VMI အစီအစဉ်ကို ပြုလုပ်နိုင်ခဲ့သည်။ ၎င်းသည် စီမံခန့်ခွဲရေးဆိုင်ရာ တာဝန်များကို လျှော့ချခြင်းအားဖြင့် ပြည်ပစက်ရုံများ (နှင့် အဖွဲ့တစ်ခုလုံးအထိ) ၏ ဘဏ္ဍာရေးအခြေအနေကိုတိုးတက်စေပြီး အမှန်တကယ်လုပ်ငန်းလည်ပတ်မှုကို အာရုံစိုက်ရန်အခွင့်အလမ်းပိုများစေသည်။ ဖြေရှင်းနည်းသည် ကုန်ထောက်ပံ့သူများ၏ကုန်ထုတ်လုပ်မှုနှင့် ငွေစီမံခန့်ခွဲမှုအတွက် ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးလိုက်သောကြောင့် တပ်ဆင်ပစ္စည်း ထုတ်လုပ်သူများနှင့် ကုန်ထောက်ပံ့သူများကြား နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် အခြေအနေကို တည်ဆောက်ပေးပြီး မိတ်ဖက်ပြုဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေသည်။

ဝန်ဆောင်မှုများ

  • ကုန်စည်ပို့ဆောင်မှုပိုင်းဆိုင်ရာ ဘဏ္ဍာရေး

    NX Group လုပ်ငန်းရှိ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုများ၏ အဓိကဝင်ရိုးအဖြစ် ကုန်သွယ်ရေးပိုင်းဆိုင်ရာ ဖြန့်ချိခြင်းနှင့် ဘဏ္ဍာရေးပိုင်းဆိုင်ရာ ဝန်ဆောင်မှုများကို ပေါင်းစပ်ထားသည့် ဤဝန်ဆောင်မှုသည် တန်ဖိုးမြင့် အပိုဆောင်း ဝန်ဆောင်မှုအသစ်တစ်ခုဖြစ်ပါသည်။
    NX Group သည် ကုန်ထောက်ပံ့သူများနှင့် ကုန်ဝယ်သူများကြား ကြားခံပွဲစားအဖြစ်ဆောင်ရွက်ပေးခြင်းဖြင့် ထုတ်ကုန်ပစ္စည်းများနှင့် အစိတ်အပိုင်းများ ဝယ်ယူပေးပြီး ဖောက်သည်၏ ပစ္စည်းများနှင့် အစိတ်အပိုင်းများ စာရင်းကို လျှော့ချရန် ကုန်များကို သိုလှောင်ပေးကာ တစ်ချိန်တည်းမှာပင် ၎င်းတို့၏ ငွေလည်ပတ်မှုကို တိုးတက်အောင် ဆောင်ရွက်ပေးပါသည်။

  • ဘက်စုံပေါင်းစည်းထားသော အင်တာနက် ဝက်ဘ်ဆိုဒ် (SHUTTLE)

    SHUTTLE သည် ဘက်စုံပေါင်းစည်းထားသော ပေါ်တယ် ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်ပြီး နိုင်ငံတကာ ဖြန့်ကြက်ထားသော ကုန်စာရင်းများ (ကုန်တင်ကုန်ချနေရာရှိ ကုန်များ အပါအဝင်)၊ ကုန်လက်ခံရရှိမှု၊ သင်္ဘောဖြင့်ကုန်ပို့မှုနှင့် သယ်ယူပို့ဆောင်မှုများ ပါဝင်သည့် သက်ဆိုင်ရာ အချက်အလက်အားလုံးကို ဝင်ရောက် သုံးစွဲခွင့်ရှိပြီး ဝင်ရောက် သုံးစွဲခွင့်ကို ဗဟိုကထိန်းချုပ်ဆောင်ရွက်သည်။
    SHUTTLE သည် ဝင်ရောက် သုံးစွဲသည့် အချက်အလက်များ၏ အခြေအနေကိုသာမက ပစ္စည်းပို့ဆောင်မှု ညွှန်ကြားချက်များ၊ ဒေတာ ဒေါင်းလုဒ်လုပ်ခြင်းနှင့် အော်တို အီးမေးလ်ပို့မှု လုပ်ဆောင်ချက်များကို ပြည်တွင်းပြည်ပ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီအားလုံး၏ ကုန်စည်လမ်းကြောင်းလိုက်မှု ဝက်ဘ်ဆိုဒ်များအတွက် လင့်ခ်များဖြင့် ပြသပေးသည်။

    နောက်ထပ် ကြည့်ရန်
အဓိက စကားလုံးများ
  • ဝယ်ယူခြင်း
  • ဝယ်ယူရေး
  • ငွေလည်ပတ်မှု
  • ဘဏ္ဍာရေး
  • ကုန်စာရင်း စီမံခန့်ခွဲမှု
  • ကုန်ထောက်ပံ့သူဆိုင်ရာ ကူညီပံ့ပိုးမှု
  • ကုန်စည် စီးဆင်းမှု
  • ကုန်ကျစရိတ် လျှော့ချမှုများ
လုပ်ငန်းအကြောင်း လေ့လာမှုများသို့ ပြန်သွားရန်

အချက်အလက်များကို ပိုမိုသိရှိရန် ကျွန်ုပ်တို့၏ ကုန်စည်ပို့ဆောင်ရေး ကျွမ်းကျင်ပညာရှင်များကို ဆက်သွယ်ပေးပါ။

သင့်တွင် ရှိနေနိုင်သည့် မေးခွန်းများကို ကျွန်ုပ်တို့၏အဖွဲ့က ဖြေဆိုပေးရန် အသင့်ရှိနေပါသည်။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

LinkedIn တွင် ကျွန်ုပ်တို့ကို ဖော်လိုလုပ်ပါ