စားသောက်ကုန်၊ အဖျော်ယမကာ၊ ဆေးဝါး
EC အွန်လိုင်း စျေးဝယ်ခြင်း လုပ်ငန်းကို အခြေခံ၍ ထိုင်ဝမ်ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်မှုအတွက် အပြည့်အဝ ပံ့ပိုးမှု
နိုင်ငံရပ်ခြားရှိ အွန်လိုင်းမှစာပို့၍ အော်ဒါမှာသည့် လုပ်ငန်းများလုပ်ကိုင်နေသော ဖောက်သည်များအတွက် Nippon Express သည် နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး၊ e-commerce ဝက်ဘ်ဆိုဒ် တည်ထောင်ခြင်းနှင့် လည်ပတ်ခြင်းနှင့် အမှာစာ စီမံခန့်ခွဲမှု/CRM စနစ်၊ ပစ္စည်းပို့ဆောင်မှု စင်တာ၊ အိမ်အရောက် ပစ္စည်းပို့ဆောင်မှုနှင့် COD ဝန်ဆောင်မှုအပြင် ဆက်သွယ်ရေးစင်တာ လုပ်ငန်း ဝန်ဆောင်မှု အပါအဝင် e-commerce လုပ်ငန်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ပစ္စည်းပို့ဆောင်ရေး ဖြေရှင်းနည်းကို ပံ့ပိုးပေးသည်။
ဖောက်သည် အရေးကိစ္စများနှင့်ရည်ရွယ်ချက်များ
နိုင်ငံရပ်ခြားရှိ e-commerce လုပ်ငန်း စီမံကိန်းအသစ်တစ်ခု လုပ်ကိုင်ရန် ပထမဆုံးအကြိမ် စတင်ကြိုးပမ်းသောအခါ လုပ်ငန်းအစပိုင်း၌ အချိန်ဇယားကျပ်ခြင်းနှင့် အကန့်အသတ်ရှိသော အရင်းအနှီးနှင့် ငွေအားတို့ကို သင် ရင်ဆိုင်ဖြေရှင်းရပါမည်။ ကျွန်ုပ်တို့၏ BPO သည် ထိုင်ဝမ်၏ e-commerce စျေးကွက် အတွေ့အကြုံများကို အခြေခံ၍ အတွေ့အကြုံများသော မိတ်ဖက်ကုမ္ပဏီများနှင့် တန်ဖိုးမဖြတ်နိုင်သော ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်ပေးသည်။
- ဖောက်သည်၏ ကုန်ပစ္စည်းအတွက် သင့်လျော်သော e-commerce ဝက်ဘ်ဆိုဒ်တစ်ခုကို ဖန်တီးခြင်းမှသည် ဝက်ဘ်ဆိုဒ် တည်ဆောက်ခြင်းနှင့်လည်ပတ်ခြင်းအထိ -အဓိကစီးပွားရေးလုပ်ငန်းက အပြည့်အဝ ထောက်ပံ့ကူညီပေးရန် ကတိပြုခြင်း။
- CRM စနစ်တစ်ခုကို တည်ထောင်ခြင်းဖြင့် PDCA လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီး အရောင်းဆိုင်အမျိုးမျိုးမှ အမှာစာများကို လက်ခံပါ။
- ဖောက်သည်အသစ်များကို ပုံမှန်ဝယ်နေကျ ဖောက်သည်များဖြစ်လာစေရန် အရည်အသွေးမြင့် ဖုန်းဖြေ စင်တာတစ်ခုကို စီစဉ်လည်ပတ်ပါ။
- WMS ကို အသုံးပြု၍ ထိုင်ဝမ်တစ်ခုလုံးကို လွှမ်းခြုံသော ပစ္စည်းပို့ဆောင်ရေး ကွန်ရက်နှင့် တိကျသော ကုန်စာရင်း စီမံခန့်ခွဲမှု၊ ကုန်စာရင်း စီမံခန့်ခွဲမှု တိကျမှန်ကန်စေသေည့် စင်တာ လည်ပတ်မှုများ။
- အစိတ်အပိုင်းများ ပြတ်လပ်မှု မဖြစ်စေရန် သယ်ယူပို့ဆောင်ရေး နည်းလမ်းအမျိုးမျိုးကို အခြေခံ၍ ဂျပန်နှင့်ထိုင်ဝမ်အကြား လုံခြုံစိတ်ချရသော နိုင်ငံတကာသယ်ယူပို့ဆောင်ရေး။
ဖြေရှင်းနည်းများ
တရုတ်စျေးကွက်ကို ဖော်ဆောင်နိုင်ရန် ထိုင်ဝမ်ကို စမ်းသပ် ဈေးကွက်ရှာဖွေခြင်းအတွက် အသုံးပြု၍ ပစ္စည်းသယ်ယူပို့ဆောင်ရေး ဖြေရှင်းနည်းတစ်ခုကို Nippon Express နှင့် လုပ်ငန်းမိတ်ဖက်ပြုဆောင်ရွက်သည့် ဆက်ဆံရေးရှိသော Nippon Express Taiwan၊ Shanghai e-Technology နှင့် Taiwan Pelican Express တို့က ဖန်တီးခဲ့သည်။

ဖြေရှင်းနည်း - အဓိကအချက်များ
- ဖောက်သည်က ကြိုတင်ပြင်ဆင်ထားသည့် အကြောင်းအရာများအပေါ် အခြေခံ၍ အွန်လိုင်းဆိုင်တစ်ခုဖွင့်လှစ်ခြင်းနှင့် လည်ပတ်ခြင်းကို ပံ့ပိုးကူညီပေးရန် တစ်ဆင့်ခံ ကန်ထရိုက်တာ၏ e-commerce ဝက်ဘ်ဆိုဒ် ဖန်တီးမှု ပက်ကေ့ချ်တစ်ခုကို အသုံးချပါ။
- NX Group ၏ Shanghai e-Technology သည် e-commerce ဝက်ဘ်ဆိုဒ်နှင့် ဖုန်း အော်ဒါများကို တုံ့ပြန်ဆောင်ရွက်ပေးရန် အော်ဒါမှာယူမှု စနစ်အပြင် သင်္ဘောဖြင့်ကုန်ပို့ ညွှန်ကြားချက်များကို ကုန်လှောင်ရုံနှင့် ပစ္စည်းပို့ဆောင်ရေး ကုမ္ပဏီများသို့ ထုတ်ပေးခြင်းနှင့် ဝယ်သူတစ်ဦးချင်းစီ၏ ဝယ်ယူမှု မှတ်တမ်း စီမံခန့်ခွဲမှုအတွက် လုပ်ဆောင်ချက်များပါသည့် CRM စနစ်တစ်ခုကို ဖန်တီးထားပါသည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် Nippon Express ၏ လက်ရှိဝယ်သူများကို ပစ်မှတ်ထားပြီး ဆက်လက်အရောင်းမြှင့်တင်မှုများတွင် အသုံးပြုရန် အရေးကြီးသော ဖောက်သည်အချက်အလက်များကို ပေးနိုင်စေပါသည်။
- Nippon Express Taiwan သည် ဝယ်သူအတွက် ကူညီပံ့ပိုးမှု၊ အော်ဒါ စီမံဆောင်ရွက်ခြင်း၊ ငွေပေးချေမှု/ပြန်အမ်းငွေများ စီမံဆောင်ရွက်ခြင်းနှင့် ရောင်းအားနှင့်သက်ဆိုင်သည့် အစီရင်ခံမှုအားလုံးအတွက် ဆက်သွယ်ရေးစင်တာကို ဖန်တီးလည်ပတ်ပါသည်။
- ထိုင်ဝမ် ပစ္စည်းပို့ဆောင်ရေးနှင့် သိုလှောင်ရေး ဝန်ဆောင်မှုအစုစု၏ တစ်စိတ်တစ်ပိုင်းအဖြစ် Taiwan Pelican Express (မိတ်ဖက် ကုမ္ပဏီ) က အသုံးပြုသည့် COD နှင့် အချိန်မရွေးဝယ်ယူနိုင်သော ကုန်မျိုးစုံဆိုင်တွင် ငွေပေးချေမှု နည်းလမ်းများကို ထည့်သွင်းပါ။
- လေကြောင်းဖြင့် ကုန်စည်ပို့ဆောင်ရေး၊ ရေကြောင်းပို့ဆောင်ရေး၊ တင်ပို့ကုန်နှင့် တင်သွင်းကုန် အကောက်ခွန်ရှင်းလင်းရေး လုပ်ဆောင်ချက်များ၊ ထိုင်ဝမ်ဈေးကွက်အတွက် တရုတ်ဘာသာစကားဖြင့် တံဆိပ်များ ပရင့်ထုတ်ခြင်းနှင့် အခြား လျှောက်လွှာ လုပ်ထုံးလုပ်နည်းအားလုံးအတွက် ကူညီပံ့ပိုးပေးပါ။
အကျိုးသက်ရောက်မှုများနှင့် ကောင်းကျိုးများ
- ကုန်စည် စီးဆင်းမှု မြင်သာမှုရှိစေခြင်းဖြင့် ကုန်တင်ကုန်ချနေရာရှိ အစိတ်အပိုင်းများ အပါအဝင် စုစုပေါင်း အစိတ်အပိုင်း ကုန်စာရင်းကို သိရှိနားလည်အောင်လုပ်ပြီး မလိုအပ်သော ကုန်များကို လျှော့ချပါ။
- AS9120 အသိအမှတ်ပြုလက်မှတ် ရရှိထားသော မြောက်အမေရိကနှင့် ဂျပန်ရှိစင်တာများကို အခြေခံ၍ အရည်အသွေးမြင့်သော ကုန်စည် စီးဆင်းမှုကို အကောင်အထည်ဖော် ဆောင်ရွက်ပါ။
- Nippon Express ၏ ကုန်စည် စီးဆင်းမှု ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ခြင်းသည် စုံစမ်းမေးမြန်းမှုအားလုံးကို ကိုင်တွယ်၍ ပိုမိုမြန်ဆန်စွာ တုံ့ပြန်ဆောင်ရွက်ပေးရန် စုပေါင်းလုပ်ဆောင်သည့် ဆက်သွယ်ရေး တံခါးပေါက်များ ဖန်တီးပေးသည်။
- လုပ်ငန်းသစ်များ မြန်မြန်ဆန်ဆန် အခြေကျစေရန် ပစ္စည်းပို့ဆောင်ရေး အစီအစဉ်မှတစ်ဆင့် ပြင်ပမှ စာချုပ်ဖြင့်ငှားရမ်းဆောင်ရွက်ခြင်း။
- ထိုင်ဝမ်မှရရှိသော ကုန်စည်ပို့ဆောင်ရေးဗဟုသုတအပေါ် အခြေခံ၍ ယုံကြည်စိတ်ချရသော ကုန်စည်ပို့ဆောင်ရေးဆိုင်ရာ မိတ်ဖက်အဖြစ် ပံ့ပိုးမှုပေးပါ။
- ဖောက်သည် အရည်အသွေးများနှင့် အရောင်းမြှင့်တင်မှုများအပေါ် အခြေခံ၍ အရောင်းမြှင့်တင်ရေး အကြောင်းအရာများ စုပေါင်းပြီး ကဏ္ဍအလိုက် အချက်အလက်ထည့်သွင်းမှု လုပ်ဆောင်ချက်များအတွက် ပြောင်းလွယ်ပြင်လွယ်ရှိသော ကူညီပံ့ပိုးမှု။
- ဖောက်သည်များအားခွဲခြမ်းစိတ်ဖြာခြင်းနှင့်အရောင်းမဟာဗျူဟာရေးဆွဲခြင်းစသည့်အဓိကစီးပွားရေးလုပ်ငန်းများအပေါ်အာရုံစူးစိုက်ရန်ဖောက်သည်များအားခွင့်ပြုပါ။
ဖြေရှင်းနည်း အင်္ဂါရပ်များ
ဝန်ဆောင်မှုများ
-
ဆက်သွယ်ရေး စင်တာကို တည်ထောင်ပါ
CRM ၏ အဓိကအဖြစ် ဆက်သွယ်ရေးစင်တာ၏ အရေးပါမှုမှာ တစ်စတစ်စ မြင့်တက်လာပါသည်။ ဆက်သွယ်ရေးစင်တာသည် ၎င်း၏အဝင်ဖုန်းလက်ခံမှု လုပ်ဆောင်ချက်များ (ဖောက်သည်များ၏ ဖုန်းများကို လက်ခံခြင်း) နှင့် အရောင်းအဓိကထား၍ အထွက်ဖုန်းခေါ်ဆိုမှု လုပ်ဆောင်ချက်များမှတစ်ဆင့် ဖောက်သည်အသစ်များ ပေါ်ပေါက်လာစေပြီး ပုံမှန် ဖောက်သည်များဖြစ်လာအောင် ဆောင်ရွက်သည့်အတွက် ရောင်းအားတိုးချဲ့မှုကို နောက်ကွယ်မှ အဓိက ပံ့ပိုးပေးသည်။ -
ကုန်စည်ပို့ဆောင်ရေး စင်တာတည်ထောင်ပါ
ကုန်စည်ပို့ဆောင်ရေး စင်တာသည် ကုန်ကြမ်းနှင့် ကုန်ချောပစ္စည်းများအတွက် ကုန်စာရင်းနှင့် ထောက်ပံ့ရေးစင်တာ သို့မဟုတ် နိုင်ငံတကာ သယ်ယူပို့ဆောင်ရေးအတွက် အထောက်အကူပြု စင်တာတစ်ခုကဲ့သို့ သုံးစွဲသူ၏လိုအပ်ချက်မျိုးစုံကို ဖြည့်ဆည်းပေးသော ဘက်စုံဝန်ဆောင်မှုပေးသည့် အခြေစိုက်ဌာနတစ်ခုအဖြစ် ဆောင်ရွက်ပေးသည်။ သိုလှောင်ခြင်း (ကုန်လှောင်ခြင်း) ဝန်ဆောင်မှု (ဂျပန်) -
ထိုင်ဝမ်ပြည်တွင်း သယ်ယူပို့ဆောင်ရေး
ထိုင်ဝမ်နိုင်ငံတွင် Nippon Express သည် ဂျပန်နိုင်ငံတွင် ပံ့ပိုးပေးသည့် အိမ်အရောက်ပို့ဆောင်သည့် ဝန်ဆောင်မှုနှင့် တန်းတူသော အရည်အသွေးဖြင့် ပုံမှန်အပူချိန်နှင့် အပူချိန်အနိမ့်ဖြင့် အိမ်အရောက်ပို့ဆောင်သည့် ဝန်ဆောင်မှု၊ COD ဝန်ဆောင်မှု၊ အချိန်မရွေးဝယ်ယူနိုင်သည့် ကုန်မျိုးစုံဆိုင်တွင် ငွေပေးချေခြင်းအပြင် အွန်လိုင်းခြေရာခံခြင်း အပါအဝင် သင်္ဘောကုန်ပို့သည့် အချက်အလက်များအတွက် လင့်ခ်များကို ပံ့ပိုးပေးသည်။ -
eBizFlow
eBizFlow သည် e-commerce ဝက်ဘ်ဆိုဒ်၊ ဖုန်းနှင့် ပြင်ပမှာယူမှုစင်တာများမှ အော်ဒါမှာယူသော အချက်အလက်များကိုစုစည်းပေးပြီး ကုန်စာရင်း စီမံခန့်ခွဲမှုနှင့် ပစ္စည်းပို့ဆောင်မှု စနစ်များသို့ ကုန်ပို့ခြင်းနှင့် ပစ္စည်းပို့ဆောင်ခြင်း ညွှန်ကြားချက်များကို ထုတ်ပေးကာ ဝယ်ယူသူ၏ အော်ဒါမှာယူမှု မှတ်တမ်းလုပ်ဆောင်ချက်ဖြင့် အလုပ်အပ်သူ၏ အရောင်းမြှင့်တင်မှုများကို ပံ့ပိုးဆောင်ရွက်ပေးသည်။
- အဓိက စကားလုံးများ
-
- EC
- CRM
- ကုန်စာရင်း စီမံခန့်ခွဲမှု
- ငွေပေးချေခြင်း
- အွန်လိုင်းတွင် စျေးဝယ်ခြင်း
- ပြည်ပပို့ပေးခြင်း
- ထိုင်ဝမ်