မော်တော်ကားလုပ်ငန်း

အစဉ်အမြဲတိုးတက်နေသော မော်တော်ယာဉ်လုပ်ငန်းအတွက် အဆင့်မြင့်ကုန်စည်ပို့ဆောင်ရေး အထောက်အကူ

ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများစွာတွင် အဓိကလုပ်ငန်းတစ်ခုဖြစ်သည်။ Nippon Express မှ ကျွန်ုပ်တို့သည် နည်းပညာမြင့် ကုန်ထုတ်လုပ်ရေး (အဆင့် ၁၊ အဆင့် ၂ စသည်) တွင် ပါဝင်သည့် OEM ထုတ်လုပ်သူများနှင့် မော်တော်ယာဉ်အစိတ်အပိုင်းများ ထုတ်လုပ်သူများအတွက် ဘက်ပေါင်းစုံမှ လွန်စွာပြည့်စုံစေ့စပ်သော နိုင်ငံတကာအဆင့် ကုန်စည် စီးဆင်းမှုဆိုင်ရာ ပို့ဆောင်ရေးပုံစံဖြင့် ဝန်ဆောင်မှုပေးသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ တစိုက်မတ်မတ် ဆောင်ရွက်သော QCD အခြေပြု ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များဖြင့် မော်တော်ယာဉ်လုပ်ငန်းတွင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြည့်အဝ ကူညီပေးသည်။

အာရှရှိ အကြီးမားဆုံး မော်တော်ယာဉ်အစိတ်အပိုင်းများ ပို့ဆောင်ရေး ဝန်ဆောင်မှုပေးသူ

ကမ္ဘာတစ်ဝှမ်းရှိ မော်တော်ယာဉ်လုပ်ငန်းကို ခေတ်မီသော ကုန်စည်ပို့ဆောင်ရေး ဖြေရှင်းနည်းများ ပံ့ပိုးပေးသည်

ဂျပန်၊ တရုတ်၊ အိန္ဒိယနှင့် အာဆီယံ နိုင်ငံများကဲ့သို့ အာရှတိုက်ရှိ လုပ်ငန်းအခြေတကျရှိပြီး သိသာထင်ရှားသော ဖွံ့ဖြိုးတိုးတက်မှု အဆင့်များ ရရှိလျက်ရှိသည့် ဒေသများအပြင် ကျွန်ုပ်တို့သည် မြောက်အမေရိက၊ မက္ကဆီကိုနှင့် ဥရောပရှိ ဗျူဟာကျကျ နေရာယူထားသည့် JIT ကုန်လှောင်ရုံများမှတစ်ဆင့် အချိန်မီ ပစ္စည်းပို့ဆောင်မှုများ ဆောင်ရွက်ပေးသည်။
မော်တော်ယာဉ် လုပ်ငန်း စုဝေးတည်ရှိသော ဒေသများတွင် မော်တော်ယာဉ် အစိတ်အပိုင်း ပို့ဆောင်ရေး ကွန်ရက်တစ်ခုကို နိုင်ငံတကာ အဆင့် ဖန်တီးဆောင်ရွက်ထားသည်။

မော်တော်ယာဉ်လုပ်ငန်း တစ်ခုလုံးအတွက် အချိန်မီ ပို့ဆောင်ရေးနှင့် ဝယ်ယူဖြည့်တင်းရေး စီမံချက်များကို အပြည့်အဝ ပံ့ပိုး၍ အကောင်းဆုံး ဆောင်ရွက်ပေးသည်

စက်ရုံ၏ ကုန်ထုတ်လုပ်ရေး လိုအပ်ချက်များနှင့် ဒေသန္တရ အင်္ဂါရပ်များကို ထည့်တွက်၍ ကျွန်ုပ်တို့သည် ကုန်ထုတ်စက်ရုံများအတွက် အကောင်းဆုံး ကုန်စည်ပို့ဆောင်ရေး အစီအစဉ်များ ဆောင်ရွက်ပေးသည်။ ဤအကြောင်းကြောင့် ကျွန်ုပ်တို့သည် အလွန်ဝေးသောနေရာများသို့ သယ်ယူပို့ဆောင်ရေးနှင့် ကိုက်ညီအောင်ဆောင်ရွက်သည့် ပို့ကုန်စုပေါင်းပို့ဆောင်မှုနှင့် ဗျူဟာကျကျ နေရာယူထားသည့် JIT ကုန်လှောင်ရုံများကဲ့သို့ ပို့ကုန်များ စုဆောင်းရယူမှု နည်းလမ်းများဖြင့် အစီအစဉ်တကျ ပစ္စည်းပို့ဆောင်မှုများကို အကောင်းဆုံး ကိုက်ညီအောင်ဆောင်ရွက်ပေးသည်။

အမြောက်အများထုတ်လုပ်သည့် အစိတ်အပိုင်းများကို နိုင်ငံတကာအဆင့် ဝယ်ယူမှုများအတွက် အဆင်ပြေအောင် ဆောင်ရွက်ပေးသော အစိတ်အပိုင်းများ စုစည်းထားရှိရေး စင်တာများနှင့် အချိန်နှင့်တစ်ပြေးညီ အဆက်အသွယ်မပြတ် နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ

ကျွန်ုပ်တို့သည် OEM ထုတ်လုပ်သူများကိုယ်စား ကမ္ဘာတစ်ဝှမ်းရှိစက်ရုံများမှ အမှာစာများကို ကောက်ပေးသည့် အေးဂျင့်များအဖြစ် ဆောင်ရွက်ပြီး ဤအမှာစာများကို ရာပေါင်းများစွာသော ကုန်ထောက်ပံ့သူများထံ ထုတ်ပေးသည်။ ကျွန်ုပ်တို့၏ အစိတ်အပိုင်းများ စုဆောင်းထားရှိရေး စင်တာများမှတစ်ဆင့် သယ်ယူပို့ဆောင်ရေးကို အလုပ်တွင်စေပြီး ကုန်ကျစရိတ်များ သက်သာစေသည့် ကွန်တိန်နာ ကုန်တင်သော အစီအစဉ်များ ရေးဆွဲသည်။ ကျွန်ုပ်တို့သည် စက်ရုံအသီးသီးသို့ အချိန်မီ ပစ္စည်းပို့ဆောင်နိုင်ရန် ပစ္စည်းပို့ဆောင်မှုကာလ စီမံခန့်ခွဲမှုကို ဆောင်ရွက်ပါသည်။ ထို့ပြင် အမြောက်အများထုတ်လုပ်သည့် အစိတ်အပိုင်းပစ္စည်းများကို နိုင်ငံတကာမှ ဝယ်ယူမှုအတွက် တောင်ကိုရီးယားနှင့် တရုတ်မှ ဂျပန်သို့ RORO ကားတင်သင်္ဘောများသုံး၍ ပို့ဆောင်ပေးပြီး ထိုင်း၊ မလေးရှား၊ ဥရောပနှင့် တရုတ်နိုင်ငံများတွင် နိုင်ငံတကာ မီးရထား ဝန်ဆောင်မှုများကိုသုံး၍ ကုန်စည်ပို့ဆောင်ရေး အစီအစဉ်များကို အချိန်နှင့်တစ်ပြေးညီ အဆက်အသွယ်မပြတ် ထိရောက်တွက်ခြေကိုက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် အပြည့်အဝ ဝန်ဆောင်မှုပေးလျက်ရှိသည်။

မော်တော်ယာဉ် လုပ်ငန်း ကုန်စည် စီးဆင်းမှုကို အကောင်းဆုံး စီစဉ်ဆောင်ရွက်ပေးသည့် LLP ပုံစံ

သင်၏လိုအပ်ချက်များအပေါ် အခြေခံ၍ ကျွန်ုပ်တို့သည် လက်ရှိ ကုန်စည်ပို့ဆောင်ရေး အစီအစဉ်များ၏ QCD "Kaizen (ဖွံ့ဖြိုးတိုးတက်ရေး) " ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရုံသာမက ကုန်ပစ္စည်း တည်နေရာများ၊ ကုန်ပစ္စည်း အရေအတွက်၊ သိုလှောင်ကုန်ထားရှိသည့် နေရာများ အပါအဝင် အစီအစဉ်များကို ကုန်စည်ပို့ဆောင်ရေး အကောင်းဆုံး စီစဉ်ဆောင်ရွက်ပေးသော ကုန်စည် စီးဆင်းမှု ပုံစံကိုလည်း အကြံပြုပေးသည့် အကြံပေးဆွေးနွေးသော ဝန်ဆောင်မှုကိုလည်း ပံ့ပိုးပေးသည်။

ကျွန်ုပ်တို့၏မော်တော်ယာဉ် ဝန်ဆောင်မှုတွင် ပါဝင်သည်များမှာ

အချိန်မီ ကုန်စည်ပို့ဆောင်ရေး အစီအစဉ်များ

  • ဝယ်ယူထားသည့် ကုန်ပစ္စည်းများ ပို့ဆောင်ရေး ဖြေရှင်းနည်းများ (ပို့ကုန်စုပေါင်းပို့ဆောင်မှု၊ ပို့ကုန်ပစ္စည်းများကို တစ်နေရာတည်းတွင် စုပို့ခြင်း)
  • အစိတ်အပိုင်းများ စုဆောင်းထားရှိရေး စင်တာ
  • KD ပို့ကုန်များ
  • ထုပ်ပိုးမှု ဒီဇိုင်း၊ ပို့ကုန်အစိတ်အပိုင်း ထုပ်ပိုးခြင်း၊ KD ထုပ်ပိုးခြင်း
  • နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး (ဂျပန်နှင့်တောင်ကိုရီးယား၊ ဂျပန်နှင့်တရုတ်၊ ဥရောပ မီးရထားလိုင်း၊ မီးရထားဖြင့် သယ်ယူပို့ဆောင်ရေး)
  • ဝန်ဆောင်မှု အစိတ်အပိုင်းများ (ကုန်လှောင်ရုံများ၊ ကုန်လှောင်ရုံမှ ပစ္စည်းပို့ဆောင်မှုများ၊ သိုလှောင်ခြင်း၊ ပို့ဆောင်ခြင်း၊ KPI စီမံခန့်ခွဲမှု)
  • LLP၊ အကြံပေးဆွေးနွေးခြင်း
  • ပစ္စည်းပို့ဆောင်ရေး အေဂျင်စီ ဝန်ဆောင်မှုများ (ကုန်ထုတ်လုပ်ရေးလိုင်း အကောင်းဆုံး ချိန်ညှိဆောင်ရွက်ခြင်းနှင့် ထုပ်ပိုးမှု ပြောင်းလဲခြင်း ပစ္စည်းပို့ဆောင်မှု တံဆိပ်ကပ်မှု စသည်)
လုပ်ငန်းများသို့ ပြန်သွားရန်

အချက်အလက်များကို ပိုမိုသိရှိရန် ကျွန်ုပ်တို့၏ ကုန်စည်ပို့ဆောင်ရေး ကျွမ်းကျင်ပညာရှင်များကို ဆက်သွယ်ပေးပါ။

သင့်တွင် ရှိနေနိုင်သည့် မေးခွန်းများကို ကျွန်ုပ်တို့၏အဖွဲ့က ဖြေဆိုပေးရန် အသင့်ရှိနေပါသည်။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

LinkedIn တွင် ကျွန်ုပ်တို့ကို ဖော်လိုလုပ်ပါ