ဖက်ရှင်နှင့် လက်လီအရောင်းလုပ်ငန်း

အဓိကအားဖြင့် ဂျပန်နိုင်ငံတွင် အခြေစိုက်တည်ရှိသော ဖက်ရှင်/ဖြန့်ချိရေး လက်လီအရောင်းလုပ်ငန်းအတွက် နိုင်ငံတကာ ဖြန့်ကြက်ထားသော ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုများနှင့် ဝန်ဆောင်မှု အရည်အသွေး

ဂျပန်နိုင်ငံရှိ ကျွန်ုပ်တို့၏ အင်မတန် ဘက်စုံထောင့်စေ့ပြီး လွန်စွာထိရောက်မှုရှိသော ကုန်စည်ပို့ဆောင်ရေး အသိပညာများအပေါ် အခြေပြုလျက် ကျွန်ုပ်တို့သည် ဖက်ရှင်/ဖြန့်ချိရေး လက်လီအရောင်းလုပ်ငန်းအတွက် မရှိမဖြစ်သည့် အစိတ်အပိုင်းများဖြစ်သော "ဝယ်ယူဖြည့်တင်းရေး" ⇒ "ဖြန့်ဝေရေး စင်တာ" ⇒ "ပစ္စည်းပို့ဆောင်ရေး" ဟူ၍ ကျွန်ုပ်တို့၏ဖောက်သည်က လုပ်ကိုင်ရန် စီစဉ်နေသည့် မည်သည့်အစိတ်အပိုင်းကိုမဆို ချိတ်ဆက်လျက် ကမ္ဘာပေါ်ရှိ ဒေသမျိုးစုံသို့ ကျွန်ုပ်တို့၏ ကုန်စည် စီးဆင်းမှုဆိုင်ရာ ပို့ဆောင်ရေးလုပ်ငန်းကို ဖြန့်ကြက်ဆောင်ရွက်သွားမည်ဖြစ်သည်။

ဖက်ရှင် / ဖြန့်ချိရေး လက်လီအရောင်းလုပ်ငန်းအတွက် ကျွန်ုပ်တို့၏ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုများကို အဆိုပြုရာတွင် ထည့်သွင်းစဉ်းစားသည့် နိုင်ငံများအတွက် ဒေသတွင်း ပတ်ဝန်းကျင်များနှင့် အခြေအနေများကိုပါ ထည့်တွက်ပါမည်။

ထည့်သွင်းစဉ်းစားသည့် နိုင်ငံများအတွက် အင်္ဂါရပ်များနှင့် အခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် အတွင်းကျကျ ထည့်တွက်ထားမှုအပေါ် အခြေခံထားသည့် ကုန်စည်ပို့ဆောင်ရေး

လုပ်သားနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကုန်ကျစရိတ်များသည် နိုင်ငံဒေသအသီးသီးတွင် များစွာကွဲပြားမှုရှိပါမည်။ ဤအကြောင်းကြောင့် Nippon Express သည် ကျွန်ုပ်တို့၏ ပြည်တွင်း ဝန်ဆောင်မှုများနှင့် အလားတူသော အရည်အသွေးမြင့် ဝန်ဆောင်မှုကို ပြည်ပဈေးကွက်အတွက် မိတ်ဆက်ပေးသည်သာမက လုပ်ငန်းလုပ်ကိုင်ရာ ဒေသအလိုက် မတူကွဲပြားသော ကုန်စည်ပို့ဆောင်ရေး အခြေအနေများနှင့် ကုန်ကျစရိတ် ပုံစံများနှင့်ကိုက်ညီအောင် ၎င်း၏ ဝန်ဆောင်မှုများကို စီမံဆောင်ရွက်ပါမည်။ အကောင်းဆုံး ကုန်စည်ပို့ဆောင်​ရေး အစီအစဉ်တစ်ခုကို ရေးဆွဲနိုင်မည့်အပြင် ကျွန်ုပ်တို့သည် ဖောက်သည်၏ အရောင်းဆိုင် တိုးချဲ့မှု နှင့်/သို့မဟုတ် အရောင်းဆိုင်အသစ်များ ဖွင့်လှစ်ခြင်းပင်ဖြစ်စေ ကနဦး စတင်ဖွင့်လှစ်ခြင်းအတွက်ဖြစ်စေ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များအတွက် အဆိုပြုချက်များပေးနိုင်မည့် လုပ်ငန်းမိတ်ဖက်ပြုမှုဆိုင်ရာ စီမံကိန်းများကို ထပ်မံတိုးချဲ့နိုင်သည်။ ကျွန်ုပ်တို့သည် IoT၊ စက်ရုပ်များနှင့် အခြားနောက်ဆုံးပေါ် နည်းပညာများကို မိတ်ဆက်၍ လိုအပ်သလို ထိရောက်စွာ အသုံးပြုသွားမည်ဖြစ်သည်။

အမျိုးမျိုးသော သယ်ယူပို့ဆောင်ရေး နည်းလမ်းများဖြင့် ကုန်စည် စီးဆင်းမှုဆိုင်ရာ ပို့ဆောင်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ခြင်း

ကမ္ဘာအနှံ့ရှိ ဒေသမျိုးစုံနှင့် ချိတ်ဆက်ထားသော ကုန်ပစ္စည်း ဝယ်ယူရေး၊ ပို့ဆောင်ရေး၊ ကုန်း၊ရေ၊ လေ နည်းလမ်းသုံးမျိုးဖြင့် သယ်ယူပို့ဆောင်ရေးအတွက် ကျွန်ုပ်တို့၏ ပြည်ပကွန်ရက်ကိုသုံး၍ လေကြောင်း၊ ရေကြောင်း နှင့်/သို့မဟုတ် ကုန်းကြောင်းဖြင့် ကျွန်ုပ်တို့၏ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုများကို အချိန်နှင့်တစ်ပြေးညီ ချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ပို့ကုန်ပစ္စည်းများကို တစ်နေရာတည်းတွင် စုပို့ခြင်းနှင့် အခြားအလားတူ အစီအစဉ်များဖြင့် ကုန်စည်ပို့ဆောင်ရေး ကုန်ကျစရိတ်များကို လျှော့ချခြင်းဖြင့် သင်၏ ကုန်စည် စီးဆင်းမှုတစ်ခုလုံးကို ပံ့ပိုးကူညီပေးရန် ကတိပြုဆောင်ရွက်ပါသည်။

အဆင့်မြင့် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး

ဖက်ရှင်/ဖြန့်ချိရေး လက်လီအရောင်းလုပ်ငန်း၏ အလွန်အရေးပါသော အပိုင်းဖြစ်သည့် ကုန်သိုလှောင်မှု ယူနစ် (SKU) အများအပြားဖြင့် ကုန်လှောင်ရုံ (ဂိုဒေါင်) တစ်ခုကို ထိရောက်စွာ လည်ပတ်ရန် ကျွန်ုပ်တို့သည် စိစစ်လေ့လာမှု စနစ်မျိုးစုံကိုသုံး၍ လုပ်ငန်းများကို ထိရောက်စွာ လည်ပတ်ပါသည်။ စဉ်ဆက်မပြတ် တိုးတက်မှုများရှိစေရန် အပြင် ကုန်စည်ပို့ဆောင်ရေး ကုန်ကျစရိတ်များကို လျှော့ချစေနိုင်မည့် လုပ်ငန်းအတွက် အလုံးစုံ စံစနစ် သတ်မှတ်ရန် ဥပမာအနေဖြင့် ပစ္စည်းယူစဉ်အတွင်း လမ်းလျှောက်သွားရသည့် အကွာအဝေးများကို တွက်ချက်၍ လျှော့ချခြင်း၊ ဗီဒီယိုဖြင့် စိစစ်လေ့လာသည့်စနစ်ကို အသုံးချခြင်းတို့ကို ဆောင်ရွက်ပါမည်။

စုပေါင်းထားသည့် ဒေတာများကို စိစစ်လေ့လာခြင်း

Nippon Express သည် အမှာစာတစ်စောင်လျှင် ကုန်သိုလှောင်မှု ယူနစ် (SKU) အရေအတွက်နှင့် အကြိမ်ရေပိုများများ ပို့ဆောင်သည့် ပစ္စည်းများကဲ့သို့ ပို့ဆောင်မှု အလားအလာများကို ဖော်ထုတ်ရန် ပို့ဆောင်မှု မှတ်တမ်းဒေတာများကို ပုံမှန် ဂရုတစိုက် စိစစ်လေ့လာပါသည်။ ကျွန်ုပ်တို့သည် ဖောက်သည်၏ ကုန်စည်ပို့ဆောင်ရေး လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားရန်နှင့် ဤနည်းအားဖြင့် ကျွန်ုပ်တို့ဖောက်သည်များ၏ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပံ့ပိုးပေးရန် ကျွန်ုပ်တို့ဖောက်သည်များဘက်မှ အခြေအနေများကို အတိအကျ နားလည်နိုင်ရန် ဆက်လက်ကြိုးစားလျက်ရှိပါသည်။

ကမ္ဘာတစ်ဝန်း ကျွန်ုပ်တို့၏ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုများနှင့် ၎င်း၏ဝန်ဆောင်မှု အရည်အသွေးကို တစ်ပြေးညီ ချဲ့ထွင်ခြင်း

Nippon Express နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျွန်ုပ်တို့၏ဖောက်သည်များသည် ကမ္ဘာ၏အခြားနေရာဒေသများသို့ တစ်ပြေးညီ ချဲ့ထွင်ဆောင်ရွက်ရန် ၎င်းတို့၏ကိုယ်ပိုင် နည်းဗျူဟာအတွက် (အရည်အသွေး ထိန်းချုပ်မှုနှင့် လည်ပတ်မှုစနစ် နှစ်ခုလုံးအတွက်ဖြစ်စေ တစ်ခုချင်းစီအတွက်ဖြစ်စေ) ဖော်ဆောင်ပေးထားသည့် ကုန်စည်ပို့ဆောင်ရေး စနစ်များကို အသုံးချနိုင်မည်ဖြစ်သည်။ Nippon Express သည် သင်၏ နိုင်ငံတကာသို့ ထိုးဖောက်ချဲ့ထွင်မည့် အစီအစဉ်များအတွက် အဖိုးတန်သော ကုန်စည်ပို့ဆောင်ရေး အကူအညီကို ပံ့ပိုးပေးရန် ကတိပြုပါသည်။

အဓိက စကားလုံးများ

  • ဖက်ရှင်
  • ဖြန့်ချိရေး လက်လီအရောင်းလုပ်ငန်း
  • ဖြန့်ချိရေး ဝန်ဆောင်မှုများ
  • သင်္ဘောကုန်ပို့ ဝန်ဆောင်မှုများ
  • အရည်အသွေး
  • ကမ္ဘာတစ်ဝှမ်း ကုန်စည် စီးဆင်းမှု
  • IoT
  • စက်ရုပ်များ
  • ကုန်သိုလှောင်မှု ယူနစ် (SKU)
  • ကုန်လှောင်ရုံ စီမံခန့်ခွဲမှု
  • အလုပ်သမား စီမံခန့်ခွဲမှု
  • လုပ်ငန်းတိုးတက်မှုအခြေအနေ စီမံခန့်ခွဲမှု
  • ပစ္စည်းပို့ဆောင်ရေး စီမံခန့်ခွဲမှု
  • လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ
  • လုပ်ငန်း စိစစ်လေ့လာခြင်း
  • ကုန်ပစ္စည်းစာရင်း စိစစ်လေ့လာခြင်း
  • အလားအလာ စိစစ်လေ့လာခြင်း
လုပ်ငန်းများသို့ ပြန်သွားရန်

အချက်အလက်များကို ပိုမိုသိရှိရန် ကျွန်ုပ်တို့၏ ကုန်စည်ပို့ဆောင်ရေး ကျွမ်းကျင်ပညာရှင်များကို ဆက်သွယ်ပေးပါ။

သင့်တွင် ရှိနေနိုင်သည့် မေးခွန်းများကို ကျွန်ုပ်တို့၏အဖွဲ့က ဖြေဆိုပေးရန် အသင့်ရှိနေပါသည်။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

LinkedIn တွင် ကျွန်ုပ်တို့ကို ဖော်လိုလုပ်ပါ