အပူချိန် ထိန်းချုပ်၍ သယ်ယူပို့ဆောင်ရေး(NX-PHARMA TempSure)
ကမ္ဘာတစ်ဝှမ်းသို့ ဘေးကင်း၊ လုံခြုံစွာ ပို့ဆောင်ပေးခြင်း

Nippon Express တွင် ကျွန်ုပ်တို့သည် ဆေးဝါး ကုန်ပစ္စည်းများအတွက် ကောင်းစွာ ဖြန့်ဝေရေး အစဉ်အလာ (GDP) ၏ တင်းကျပ်သော စံနှုန်းများနှင့်အညီ တစ်မူထူးခြားသော အရည်အသွေး ထိန်းချုပ်နည်းများကို ဆောင်ရွက်နေပါသည်။ Nippon Express ၏ ဆေးဝါး ကုန်ပစ္စည်းများ ပို့ဆောင်သည့် ဝန်ဆောင်မှုတွင် ကျွန်ုပ်တို့သည် စုံစမ်းစစ်ဆေးဆဲ ဆေးအသစ်များ၊ ဆရာဝန်ညွှန်သည့် ဆေးဝါးများ၊ ထိရောက်စွာ လုပ်ဆောင်သည့် ဆေးအတွင်း ပါဝင်ပစ္စည်းများနှင့် ဆေးဝါး ကြားခံပစ္စည်းများအပါအဝင် ဆေးဝါး ကုန်ပစ္စည်း၏ သွင်ပြင်လက္ခဏာအလိုက် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကို ပံ့ပိုးပေးပါသည်။
ကျွန်ုပ်တို့သည် placebo ဆေးဝါး မသမာမှုများနှင့် ခိုးယူမှုတို့ကို ကာကွယ်ပြီး၊ နှံ့နှံ့စပ်စပ် ပေးပို့သည့် ရက်စွဲစီမံခန့်ခွဲမှုနှင့် အကောင်းဆုံး အပူချိန်ထိန်းချုပ်မှုတို့ကို ပေးနိုင်သည့် အဆင့်မြင့် လုံခြုံရေးအစီအမံများအပေါ် အခြေခံ၍ ဆေးဝါးပစ္စည်းများကို ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးပါသည်။ ထို့အပြင်၊ ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝှမ်းရှိ တည်နေရာများတွင် Nippon Express အခြေစိုက်စခန်းများကို အသုံးပြုခြင်းဖြင့် လိုအပ်သောနေရာများသို့ ဆေးဝါးပစ္စည်းများကို စိတ်ချယုံကြည်စွာ ပို့ဆောင်နိုင်မည်ဖြစ်သည်။ ၎င်းသည် Nippon Express ဆေးဝါးထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှု၊ “NX-PHARMA TempSure” ဖြစ်ပါသည်။
အစိတ်အပိုင်း ငါးခု ပါဝင်ဖွဲ့စည်းထားသော ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှု

“NX-PHARMA TempSure” Nippon Express ၏ ဆေးဝါးထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုသည် အစိတ်အပိုင်းငါးခုဖြစ်သော နိုင်ငံတကာ ကွန်ရက်၊ အရည်အသွေး၊ ပစ္စည်းပို့ဆောင်သူ စီမံခန့်ခွဲမှု၊ အပူချိန်ထိန်းချုပ်မှု ပါဝင်သော ထုပ်ပိုးမှုဖြေရှင်းချက်များနှင့် ဒစ်ဂျစ်တယ် ပလက်ဖောင်းများပါဝင်သော ထူးခြားသော ဝန်ဆောင်မှုတစ်ခုဖြစ်သည်။
ထို့ကြောင့် ဤဝန်ဆောင်မှုသည် ဆေးဝါးလုပ်ငန်း၏ လိုအပ်ချက် အမျိုးမျိုးနှင့် ကိုက်ညီမှု ရှိပါသည်။
ပစ္စည်းပို့ဆောင်သူ စီမံခန့်ခွဲမှု
ကျွန်ုပ်တို့သည် GDP စံနှုန်းများနှင့် CEIV Pharma အထောက်အထား လက်မှတ်ကဲ့သို့ ဆေးဝါး ထုတ်ကုန်များကို ကိုင်တွယ်ရာတွင် လိုက်နာရမည့် စံနှုန်းများနှင့် ကိုက်ညီသော လေကြောင်းလိုင်း ကုမ္ပဏီများကို ဦးစားပေး ခန့်အပ်ပါသည်။
ထို့အပြင် အရည်အသွေး စံနှုန်းများကို ထိန်းထားပြီး ပိုကောင်းအောင် ဆောင်ရွက်နိုင်စေရန်လည်း ကျွန်ုပ်တို့သည် လေကြောင်းလိုင်း ကုမ္ပဏီများနှင့်အတူ ပုံမှန် ပြန်လည်သုံးသပ်မှုများ ပြုလုပ်ပါသည်။

အပူချိန်ထိန်းချုပ်မှု ပါဝင်သော ထုပ်ပိုးမှုဖြေရှင်းချက်များ
ကျွန်ုပ်တို့သည် အပူချိန် ၁၅ မှ ၂၅ ဒီဂရီစင်တီဂရိတ်၊ ၂ မှ ၈ ဒီဂရီစင်တီဂရိတ်၊ အေးခဲအဆင့်နှင့် -၁၅၀ ဒီဂရီစင်တီဂရိတ်အထိ လိုက်လျောညီထွေရှိသောတက်ကြွသောထုပ်ပိုးမှုကို ပံ့ပိုးပေးပါသည်။

QEP အသိအမှတ်ပြုမှု

ကျွန်ုပ်တို့၏ ကုမ္ပဏီသည် ကမ္ဘာတစ်ဝှမ်းလုံးရှိ ကျွန်ုပ်တို့၏ အဓိက ဂိတ်ဝေး ၃၅ နေရာတွင် Envirotainer ထံမှ QEP အသိအမှတ်ပြုမှုကို ရရှိထားပါသည်။
QEP ဆိုသည်မှာ Envirotainer က တရားဝင် ဖွင့်လှစ်ပြီး အသိအမှတ်ပြုလက်မှတ် ပေးအပ်သည့် အရည်အသွေးမီ Envorotainer ပံ့ပိုးသူ သင်တန်းနှင့် အရည်အသွေး အစီအစဉ်ဖြစ်ပါသည်။
ဒစ်ဂျစ်တယ် ပလက်ဖောင်း ဝန်ဆောင်မှု ("NX-PHARMA TempSure Advanced")
Nippon Express သည် ထောက်ပံ့ပို့ဆောင်ရေးအချက်အလက်များကိုချိတ်ဆက်ကာ၊ အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ပြီး End-to-End ဖြေရှင်းချက်ကို ပေးနိုင်သည့် IoT ကိရိယာများကို အသုံးပြု၍ ဒစ်ဂျစ်တယ် ပလက်ဖောင်းတစ်ခုကို တီထွင်ခဲ့သည်။
အပူချိန်ချိန်ညှိထားသည့် Nippon Express ၏ ကိုယ်ပိုင် IoT စက်များဖြင့် သင့်မော်နီတာပေါ်တွင် အသေးစိတ်အပူချိန်နှင့် တည်နေရာအချက်အလက်ကို အချိန်နှင့်တပြေးညီ စစ်ဆေးနိုင်ပါသည်။
ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝှမ်းရှိ Nippon Express တည်နေရာများကို အသုံးပြု၍ ဘေးကင်းလုံခြုံသော ဆေးဝါးသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။
ပို့ဆောင်ရေးလမ်းကြောင်းကို စောင့်ကြည့်ခြင်း
အချိန်နှင့်တစ်ပြေးညီ အပူချိန်ကို စောင့်ကြည့်ခြင်း