NEX OCEAN-BASIC ပို့ကုန် FCL TC2 (မော်ရိုကို/ကင်ညာ)

၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တွင် Nippon Express သည် မော်ရိုကိုနှင့်ကင်ညာတို့၌ ကုမ္ပဏီခွဲအသစ်များကို စတင်တည်ထောင်ခဲ့သည်။ ဒေသခံ ယုံကြည်အားထားရသော မိတ်ဖက်များနှင့်အတူ ကျွန်ုပ်တို့သည် ထိုနှစ်နိုင်ငံလုံးတွင် ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှု အမျိုးစုံကို ပံ့ပိုးပေးရန် အသင့်ဖြစ်နေပါသည်။

ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှု အမျိုးစုံ
လေကြောင်း/ရေကြောင်း/ကုန်းကြောင်းတို့ဖြင့် ကုန်ပစ္စည်းပို့ဆောင်ပေးသည့် လုပ်ငန်း၊ အကောက်ခွန်ရှင်းလင်းခြင်း၊ ဂိုဒေါင်တွင် သိုလှောင်ပေးခြင်း၊ ဖယ်ရှားခြင်း စသည်တို့အပါအဝင် ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှု အမျိုးစုံကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
ယုံကြည်အားထားရသော ဒေသခံ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ
အဖိုးတန် ဖောက်သည်များအတွက် ကျွန်ုပ်တို့၏ အကောင်းဆုံး ဖြေရှင်းနည်းများကို ပံ့ပိုးပေးနိုင်ရန် ကျွန်ုပ်တို့သည် ယုံကြည်အားအထားနိုင်ဆုံး ဒေသန္တရ မိတ်ဖက်များနှင့် စာချုပ်ချုပ်ဆိုခဲ့ပါသည်။
စိတ်အချရဆုံးနှင့် ဖောက်သည်တစ်ဦးချင်းနှင့် အသင့်လျော်ဆုံး လုပ်ငန်းဆောင်ရွက်ချက်များ
ဖောက်သည်များ၏ လိုအပ်ချက်များနှင့်အညီ ကျွန်ုပ်တို့၏ သိထားသမျှဗဟုသုတနှင့် ကျွမ်းကျင်သော လုပ်ငန်းဆောင်ရွက်ချက်များဖြင့် ကျွန်ုပ်တို့သည် အဖိုးတန်ဖောက်သည်အားလုံးအတွက် တစ်ဦးချင်းနှင့် အသင့်လျော်ဆုံး လုပ်ငန်းများကို စီစဉ်ပေးရန် အသင့်ရှိနေါသည်။
ထုတ်ကုန်များ သယ်ယူပို့ဆောင်ရေးနှင့် ဝန်ဆောင်မှုများသို့ ပြန်သွားရန်

အချက်အလက်များကို ပိုမိုသိရှိရန် ကျွန်ုပ်တို့၏ ကုန်စည်ပို့ဆောင်ရေး ကျွမ်းကျင်ပညာရှင်များကို ဆက်သွယ်ပေးပါ။

သင့်တွင် ရှိနေနိုင်သည့် မေးခွန်းများကို ကျွန်ုပ်တို့၏အဖွဲ့က ဖြေဆိုပေးရန် အသင့်ရှိနေပါသည်။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်