ဥရောပနှင့် အာရှ တိုက်ရိုက် မီးရတား (တရုတ်-ဥရောပ) FCL&LCL- လေကြောင်းနှင့်ရေကြောင်း သယ်ယူပို့ဆောင်ရေးအပြင် တတိယမြောက်သယ်ယူပို့ဆောင်ရေးနည်းလမ်းကို ဖြည့်စွက်ခြင်း-

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် Nippon Express သည် အာရှနှင့်ဥရောပကိုဆက်သွယ်သော CHINA RAILWAY EXPRESS ကို အသုံးပြု၍ ဝန်ဆောင်မှုများကို စတင်ခဲ့သည်။ ထိုအတွက်ကြောင့် ကျွန်ုပ်တို့သည် တရုတ်မှ ဥရောပသို့၊ ဥရောပမှ တရုတ်သို့ ကုန်စည်များကို အသေးစိတ် အချိန်ဇယားများအတိုင်း အချိန်မှန် ပို့ဆောင်ပေးနိုင်ခဲ့သည်။ ကျွန်ုပ်တို့သည် FCL (ကုန်သေတ္တာအပြည့် ကုန်စည်ပို့ဆောင်ပေးမှု) နှင့် LCL (ကုန်သေတ္တာတစ်လုံးမပြည့်သော ကုန်စည်ပို့ဆောင်ပေးမှု) များကို လက်ခံဆောင်ရွက်ပေးနေပါသည်။

အစအဆုံး ကြာချိန် တိုတောင်းခြင်း
တရုတ်နိုင်ငံရှိ အဓိကမြို့များမှ ဥရောပရှိ အဓိကမြို့များသို့ ကုန်စည်များကို ၁၄ ရက်မှ ၁၈ ရက်အတွင်း ပို့ဆောင်ပေးနိုင်သည်။ ဆိပ်ကမ်းများဆီ ပို့ဆောင်နေရခြင်းမရှိသောကြောင့် သယ်ယူပို့ဆောင်ရေးအတွက် ကြာချိန်ကို အတော်လေး လျော့ကျသွားစေပြီး အထူးသဖြင့် တရုတ်နိုင်ငံအလယ်ပိုင်းနှင့် ဥရောပ အလယ်ပိုင်းဒေသများမှ အသယ်၊ အပို့ဆောင်ရွက်ရာတွင် ပိုမြန်စေပါသည်။
တည်ငြိမ်မှု
တစ်ပတ်အတွင်း သတ်မှတ်ရက်များတွင် တရုတ်မှ ဥရောပသို့ မကြာမကြာ ရထားထွက်ချိန်များကို စီစဉ်ပေးထားပါသည်။ ထွက်ခွာ ဘူတာရုံမှ ဆိုက်ရောက် ဘူတာရုံအထိ တွဲပြောင်းစရာမလိုသည့် ကုန်ရထားများကို အသုံးပြုသည်။ ခရီးစဉ်တစ်လျှောက် ထိုသို့တွဲမပြောင်းရသည့်အတွက် ပစ္စည်းများကို ထိခိုက်ပျက်စီးမှု အနည်းဆုံး ဖြစ်စေပါသည်။ ခရီးစဉ်တစ်လျှောက်လုံး ကုန်စည်ကို ခြေရာခံနိုင်သည့် အချက်အလက်ကိုလည်း ပေးထားပါသည်။
NX Group၏ သယ်ယူပို့ဆောင်ရေး
ကမ္ဘာအနှံ့ရှိ NX Groupသည် မီးရထားဖြင့် ကုန်စည်ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုကိုသာမက တရုတ်နှင့် ဥရောပရှိ ကုန်စည်များကို လာရောက်ယူဆောင်ပေးခြင်း၊ ပို့ဆောင်ပေးခြင်းတို့ကိုလည်း တာဝန်ယူဆောင်ရွက်ပေးနေပါသည်။ NX Group သည် ပို့ဆောင်ရေးဝန်ဆောင်မှုများကို အိမ်တိုင်ရာရောက် ဆောင်ရွက်ပေးနေပါသည်။
ထုတ်ကုန်များ သယ်ယူပို့ဆောင်ရေးနှင့် ဝန်ဆောင်မှုများသို့ ပြန်သွားရန်

အချက်အလက်များကို ပိုမိုသိရှိရန် ကျွန်ုပ်တို့၏ ကုန်စည်ပို့ဆောင်ရေး ကျွမ်းကျင်ပညာရှင်များကို ဆက်သွယ်ပေးပါ။

သင့်တွင် ရှိနေနိုင်သည့် မေးခွန်းများကို ကျွန်ုပ်တို့၏အဖွဲ့က ဖြေဆိုပေးရန် အသင့်ရှိနေပါသည်။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်