အာဆီယံနှင့် တောင်အာရှ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး

ယခုအခါ ကမ္ဘာ့ထိပ်တန်း ကုန်ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီများက လည်ပတ်သော ဧရာမ စက်ရုံကြီးများကို လက်ခံဖွင့်လှစ်ထားသည့် အာဆီယံနှင့် တောင်အာရှ ဒေသများကို တိုးတက်အောင် ပံ့ပိုးကူညီခြင်းနှင့် ဒေသတွင်း ကုန်စည် စီးဆင်းမှုများကို ဖန်တီးခြင်းသည် အရေးကြီးသည့် ကိစ္စရပ်များ ဖြစ်နေပါသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား စီးပွားရေးချိတ်ဆက်မှုများ အားကောင်းလာသောကြောင့် အဆိုပါဒေသများတွင် ပြန်လည်သက်ဝင်လှုပ်ရှားလာနေသည့်နည်းတူ ပို့ဆောင်ရေးလမ်းကြောင်းများကို ဖန်တီး၊ ထိန်းသိမ်းခြင်းကလည်း အရှိန်အဟုန်ဖြင့် ရှေ့ရောက်နေပါသည်။ NX Group သည် အာရှ နိုင်ငံများ/ဒေသများအားလုံးတွင် ရုံးခွဲများ ဖွင့်လှစ်နေသည့်အပြင် ပို့ဆောင်ရေးလမ်းကြောင်းများနှင့် နည်းလမ်းမျိုးစုံကိုလည်း ဖော်ဆောင်လျက်ရှိပါသည်။ ဒေသအလိုက် သွင်ပြင်လက္ခဏာများနှင့် ဖောက်သည်များ၏ လိုအပ်ချက်များအလိုက် ဆီလျော်စွာ ဆောင်ရွက်ပေးနိုင်ရန် ကုန်စည် စီးဆင်းမှုကို အကောင်းဆုံးဆောင်ရွက်ပေးနေပါသည်။ တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့သည် NX Group၏ ကျော်ကြားသော အရည်အသွေးမီစံနှုန်းများအတိုင်းလည်း ထိန်းသိမ်းဆောင်ရွက်နေသည့်အပြင် ကျွန်ုပ်တို့၏ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုများဖြင့် အာရှတစ်လွှား တိုးတက်ဖြစ်ထွန်းလာအောင် ပံ့ပိုးကူညီလျက်ရှိပါသည်။

ထုတ်ကုန်များ သယ်ယူပို့ဆောင်ရေးနှင့် ဝန်ဆောင်မှုများသို့ ပြန်သွားရန်

အချက်အလက်များကို ပိုမိုသိရှိရန် ကျွန်ုပ်တို့၏ ကုန်စည်ပို့ဆောင်ရေး ကျွမ်းကျင်ပညာရှင်များကို ဆက်သွယ်ပေးပါ။

သင့်တွင် ရှိနေနိုင်သည့် မေးခွန်းများကို ကျွန်ုပ်တို့၏အဖွဲ့က ဖြေဆိုပေးရန် အသင့်ရှိနေပါသည်။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်