ဇူဟိုင်း / ဇောင်ရှန်း နယ်မြေမှ ဟောင်ကောင်အထိ ခိုင်မာကျစ်လျစ်သော ဝန်ဆောင်မှုများ

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရုတ်အစိုးရသည် ပင်လယ်အော်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းတစ်ခုကို ကြေညာခဲ့ပြီး ၎င်းတွင် ကွမ်တုန်း၊ ဟောင်ကောင်နှင့် မကာအိုတို့သည် စီးပွားရေးဒေသတစ်ခုတည်းအဖြစ် ၂၀၃၅ နောက်ဆုံးထားပြီး တိုကျိုနှင့် နယူးယောက်တို့နှင့်လက်တွဲလျက် ကမ္ဘာ့အကြီးဆုံး ပင်လယ်အော်ဒေသတစ်ခုကို ဖွဲ့စည်းတည်ထောင်မည် ဖြစ်ပါသည်။ ပင်လယ်အော်ဒေသထဲတွင် တည်ရှိသော Nippon Express (H.K.) Co., Ltd (ဤမှစ၍ နောင်တွင် "NEHK") က ဤအားထုတ်မှုကို အဓိက လုပ်ငန်းအခွင့်အလမ်းအဖြစ် စောစီးစွာ မြင်တွေ့ခဲ့ပြီး ပရောဂျက်မျိုးစုံကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ၎င်းတို့အနက် တစ်ခုမှာ ဟောင်ကောင်ကို ဇူဟိုင်းနှင့် မကာအိုတို့ဖြင့် ချိတ်ဆက်ထားပေးသော ဟောင်ကောင်-ဇူဟိုင်း-မကာအိုတံတား (မနှစ်က အောက်တိုဘာလတွင် ဖွင့်လှစ်ခဲ့ပြီး စုစုပေါင်း ၅၅ ကီလိုမီတာရှည်သည်၊ ဤမှစ၍ နောင်တွင် "HZMB") ကို အသုံးပြုသည့် ခိုင်မာသည့် လုပ်ငန်းတစ်ခု တည်ထောင်ခြင်းလည်း အပါအဝင် ဖြစ်ခဲ့သည်။

ဟောင်ကောင်-ဇူဟိုင်း-မကာအို တံတားမှတစ်ဆင့် ခိုင်မာကျစ်လျစ်သော ဝန်ဆောင်မှု
ယခင်က ဟောင်ကောင်နှင့် ဇူဟိုင်းအကြား ၁၉၀ ကီလိုမီတာရှည်သော ကုန်းကြောင်းမှ သွားလာရန် ငါးနာရီခန့်၊ ရေကြောင်းမှသွားရန် တစ်ရက်ခန့် ကြာခဲ့သော်လည်း HZMB ကို အသုံးပြုခြင်းက မြို့နှစ်မြို့အကြား အကွာအဝးကို ၆၀ ကီလိုမီတာအထိ နီးကပ်သွားစေခဲ့သည်။ ကြာချိန်ကို အတော်လေးချုံ့ချပေးလိုက်သည့်အတွက် ဟောင်ကောင်လေဆိပ်မှနေ၍ ညဉ့်နက်လေယာဉ်များ အသုံးပြုသော ဖောက်သည်များအတွက် ပို၍ အဆင်ပြေသွားစေခဲ့သည်။ စရိတ်အားဖြင့်လည်း ပုံမှန်ကုန်းကြောင်းထက် ၂၀% သက်သာသွားစေခဲ့သည်။ အကောက်ခွန်ရှင်းလင်းမှုများ၊ ကွာရန်တင်း ဝင်ရမှုများနှင့် ပင်လယ်အော်ဒေသအတွင်း အခြားလုပ်ငန်းစဉ်များကို ပိုမိုရိုးရှင်းအောင်လုပ်ဆောင်မည့် အစီအစဉ်များလည်း ရှိနေသည့်အပြင် အနာဂတ်တွင် ဝယ်လိုအားအတော်လေး တိုးတက်မည်ဟု မျှော်လင့်ထားပါသည်။ ဤတွက်ခြေကိုက်သော လုပ်ငန်းစဉ်များကို ဇူဟိုင်းမှ ဟောင်ကောင်သို့ အသွားတစ်ကြောင်းအတွက် ဦးစွာအသုံးချခဲ့သော်လည်း နောက်ပိုင်းတွင် ဟောင်ကောင်မှ ဇူဟိုင်း/ဇောင်ရှန်းသို့ အပြန်လမ်းကြောင်းအတွက်ပါ စီစဉ်ရန် ဖြစ်လာခဲ့သည်။
no004896_img01.jpg
ထုတ်ကုန်များ သယ်ယူပို့ဆောင်ရေးနှင့် ဝန်ဆောင်မှုများသို့ ပြန်သွားရန်

အချက်အလက်များကို ပိုမိုသိရှိရန် ကျွန်ုပ်တို့၏ ကုန်စည်ပို့ဆောင်ရေး ကျွမ်းကျင်ပညာရှင်များကို ဆက်သွယ်ပေးပါ။

သင့်တွင် ရှိနေနိုင်သည့် မေးခွန်းများကို ကျွန်ုပ်တို့၏အဖွဲ့က ဖြေဆိုပေးရန် အသင့်ရှိနေပါသည်။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်