3PL

ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှုများအတွက် 3PL ဖြန့်ချိရေးစနစ် ထွက်ပေါ်လာခြင်း

Nippon Express သည် ပစ္စည်းကိရိယာအစုံအလင်နှင့် ဗဟုသုတများစွာဖြင့် တည်ဆောက်ထားသည့် ကျစ်လျစ်ခိုင်မာသော ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုဖြစ်ကာ အဆင့်မြင့် 3PL ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် အသင့်မြတ်ဆုံး ထောက်ပံ့ပို့ဆောင်ရေး ပတ်ဝန်းကျင်ကို တည်ဆောက်ကာ ဖောက်သည်အားလုံး၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေပါသည်။

3PL (တတိယအဖွဲ့အစည်း ကုန်စည်ပို့ဆောင်ရေးစနစ်) ဆိုသည်မှာ အဘယ်နည်း။

Nippon Express ပြင်ပ (တတိယ) အဖွဲ့အစည်း ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီ (3PL) သည် သဘောတူစာချုပ်ဖြင့် ငှားရမ်းဆောင်ရွက်သည့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်ချက်အရ ကုန်စည်ပို့ဆောင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို အဆိုပြု၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အဖန်ဖန် တိုးတက်ကောင်းမွန်အောင် စဉ်ဆက်မပြတ်လုပ်ဆောင်ရသော အလုပ်ကို တစ်ဆင့်ခံစာချုပ်ဖြင့် ငှားရမ်းဆောင်ရွက်သည့် လုပ်ငန်းပုံစံတစ်ခုဟု ဆိုနိုင်သည်။ အခြေခံအားဖြင့် 3PL သည် ပို့ကုန်ပိုင်ရှင်များနှင့် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီများကြား အကျိုးစီးပွား ပဋိပက္ခများကြောင့် ဖြစ်လာသည့် ပြဿနာများကို ဖြေရှင်းနိုင်ရန် ပို့ကုန်ပိုင်ရှင်များ၏ တာဝန်များကို လက်လွှဲယူထားသည့် အတွေ့အကြုံရှိသော ပြင်ပအဖွဲ့အစည်းများ (သယ်ယူပို့ဆောင်ရေး ကုမ္ပဏီများနှင့် အလားတူလုပ်ငန်းများ အပါအဝင်) က ကုန်စည်ပို့ဆောင်မှုများကို အစီအစဉ်ဆွဲပြီး ပုံစံချကာ လည်ပတ်ဆောင်ရွက်သော လုပ်ငန်းပုံစံတစ်ခုဟု မှတ်ယူနိုင်သည်။

3PL လုပ်ငန်း ပုံကြမ်း

3PL လုပ်ငန်းသည် ဝယ်ထားသည့်ကုန် ပို့ဆောင်ရေး၊ စက်ရုံမှကုန် ပို့ဆောင်ရေး၊ ရောင်းချမည့်ကုန် ပို့ဆောင်ရေး (ကုန်လှောင်ရုံ စီမံခန့်ခွဲမှု၊ သယ်ယူပို့ဆောင်ရေးနှင့် အိမ်အရောက် ပို့ဆောင်မှု စီမံခန့်ခွဲခြင်း) နှင့် ပြန်ပို့ ကုန်စည်ပို့ဆောင်ရေး (လုပ်ငန်းနှင့်ဆိုင်သော စွန့်ပစ်ပစ္စည်း၊ ပြန်လည်ပေးပို့သော လူသုံးကုန်ပစ္စည်းများ၊ ပြုပြင်ပစ္စည်းများ) ကို ဖောက်သည်များ၏ ကုန်စည်ပို့ဆောင်ရေး ဌာနစိတ်များက ဆောင်ရွက်မည့်အစား အစအဆုံး ပြင်ပမှ စာချုပ်ဖြင့် ငှားရမ်းဆောင်ရွက်သည့် လုပ်ငန်းဖြစ်သည်။

NIPPON EXPRESS - 3PL လုပ်ငန်း အမျိုးအစား

ကျွန်ုပ်တို့၏ NIPPON EXPRESS - 3PL လုပ်ငန်း အမျိုးအစားတွင် ပိုင်ဆိုင်ပစ္စည်းအမျိုးအစား 3PL နှင့် ပိုင်ဆိုင်ပစ္စည်းမဟုတ်သော အမျိုးအစား 3PL ဟူ၍ နှစ်မျိုးပါဝင်သည်။
၎င်းသည် ဖောက်သည်၏ လိုအပ်ချက်များအတွက် တစ်နေရာတည်းအပြီး ဝန်ဆောင်မှုများကို ပံ့ပိုးပေးသည်။

ပိုင်ဆိုင်ပစ္စည်း အမျိုးအစား

ဖောက်သည်များထံ အကောင်းဆုံး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုများ အကြံပြုပေးနိုင်သည့် အဆင့်တစ်ခုအထိရောက်အောင် ကုန်လှောင်ရုံများနှင့် ပို့ဆောင်ရေး ကွန်ရက်များ ပိုင်ဆိုင်ခြင်းဖြင့် လုပ်ငန်းလုပ်ကိုင်ပုံနည်းလမ်းများ စုဆောင်းထားသော မြေနှင့် အဆောက်အအုံများပိုင်ဆိုင်သည့် ကုမ္ပဏီများ။ သို့ရာတွင် ကုန်လှောင်ရုံနှင့်ပတ်သက်သော 3PL ဝန်ဆောင်မှုပေးသူများသည် သယ်ယူပို့ဆောင်ရေးနှင့် ပစ္စည်းလိုက်လံပို့ဆောင်မှု လုပ်ငန်းများနှင့် ချိတ်ဆက်ထားရန်လိုသည်။ ထို့ပြင် ပစ္စည်းလိုက်လံပို့ဆောင်မှုနှင့် ပတ်သက်သော 3PL ဝန်ဆောင်မှုပေးသူများသည် ကုန်လှောင်ရုံ ငှားရမ်းသူများနှင့် ပူးပေါင်းလုပ်ကိုင်ရန်လိုသည်။

ပိုင်ဆိုင်ပစ္စည်းမဟုတ်သော အမျိုးအစား

မြေ သို့မဟုတ် အဆောက်အအုံများမပိုင်သော ကုမ္ပဏီများ။ ၎င်းတို့သည် သယ်ယူပို့ဆောင်ရေးနှင့် ပစ္စည်းလိုက်လံပို့ဆောင်ရေး ကွန်ရက်များ၊ ကုန်စည်ပို့ဆောင်ရေး စီမံဆောင်ရွက်မှုနှင့် သိုလှောင်ကုန် ထိန်းချုပ်မှုနှင့် ပတ်သက်သော လုပ်ငန်းအားလုံးအပြင် ဤလုပ်ငန်းများကို စီမံခန့်ခွဲရန် အသုံးပြုသော အချက်အလက်စနစ်များကို ဆောင်ရွက်ပေးနိုင်သော လုပ်ငန်းစင်တာများကို အကောင်းဆုံး အသုံးချ၍ ဖောက်သည်များထံ အကြံပြုပေးသည်။ ၎င်းတို့၏လုပ်ငန်းကိစ္စများသည် လုပ်ငန်းလုပ်ကိုင်ပုံ နည်းလမ်းများကို အကြံပြုပေးခြင်းအပေါ် အခြေခံထားသည်။

3PL လုပ်ငန်းကို ထောက်ပံ့ပေးသော လုပ်ဆောင်ချက် ၁၅ ခု

သာလွန်သော အစီအစဉ်ရေးဆွဲနိုင်သည့် ကျွမ်းကျင်မှုများ၊ ဒီဇိုင်းထုတ်သည့် ကျွမ်းကျင်မှုများနှင့် တာဝန်ခွဲဝေသတ်မှတ်ပေးသော ကျွမ်းကျင်မှုများကို ဝန်ဆောင်မှုပေးခြင်းဖြင့် ဖောက်သည်များအတွက် အကောင်းဆုံး ကုန်စည်ပို့ဆောင်ရေး အခြေအနေများကို အဆိုပြုပေးရန် လုပ်ဆောင်ချက် ၁၅ ခုကို အစီအစဉ်တကျ ပေါင်းစည်းထားသည်။

3PL ၏အားသာချက်များ

3PL သည် ငွေစီးဆင်းမှုပုံစံအသစ် ဖန်တီးပေးပြီး ကုမ္ပဏီ၏ စီမံခန့်ခွဲမှုအပိုင်းကို တိုးတက်လာအောင် ပံ့ပိုးပေးရန် ကုမ္ပဏီ၏ ကုန်စည်ပို့ဆောင်ရေးအပိုင်းကဏ္ဍများကို ပြုပြင်ပြောင်းလဲပေးသည်။ ကုမ္ပဏီအတွင်းကိုသော်လည်း ပြင်ပကိုသော်လည်းကောင်း ချုပ်ချယ်ကန့်သတ်ခြင်းမရှိဘဲ ကုန်ထုတ်လုပ်ဖြန့်ချိမှုစနစ်၏ ဟာကွက်များကိုလျှော့ချ၍ ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက်လည်း ၎င်းကို အသုံးပြုနိုင်သည်။

အဓိကလုပ်ငန်းရှိ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ ပစ္စည်းရင်းမြစ်များအပေါ် အာရုံစိုက်ခြင်း

အဓိကလုပ်ငန်းနယ်ပယ်၌ ကုန်ဖြန့်ချိရေးပါဝင်သည့် ကုန်ဖြန့်ချိရေးဆိုင်ရာ အဆောက်အအုံများ/ပစ္စည်းကိရိယာများနှင့် ဝန်ထမ်းများနှင့် လုပ်အားစရိတ်များ (လစာများနှင့် သင်တန်း ကုန်ကျစရိတ်များ စသည်) အတွက် ဤတွင် ခွဲဝေသတ်မှတ်ပေးထားသည့် ကုမ္ပဏီ၏ ပိုင်ဆိုင်ပစ္စည်းများကို အာရုံစိုက်နိုင်သည်။

ထိရောက်သော ကုန်ကျစရိတ်လျှော့ချနိုင်သည့်နည်းများကို အကောင်အထည်ဖော်ခြင်း

ကုန်ကျစရိတ်လျှော့ချရေး ရည်မှန်းချက်များ ထားရှိခြင်းနှင့် ရည်မှန်းချက်များပြည့်မီပါက ရရှိမည့်ဆုကြေးများကို တွက်ချက်ဆုံးဖြတ်ခြင်းဖြင့် အကျိုးစီးပွား ပဋိပက္ခများမဖြစ်ပွားစေဘဲ ကုန်ကျစရိတ်များ လျော့ကျအောင် လုပ်ဆောင်လိုစိတ်ကို တိုးမြင့်စေသည်။

အရောင်းချန်နယ်များနှင့် ဖြန့်ချိရေးကို သီးသန့်ခွဲခြားခြင်း

3PL လုပ်ငန်းကို ဈေးကွက်မြှင့်တင်ရာတွင် အရင်ဦးဆုံး အရောင်းချန်နယ်များနှင့် ဖြန့်ချိမှုအပိုင်းကို သီးသန့်ခွဲခြား၍ ဈေးကွက်မြှင့်တင်ရန် လိုအပ်ပါသည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့် ယခုအချိန်ထိ ဖောက်သည်များကြုံနေရသည့် ပြဿနာများကို ဖြေရှင်းပေးပါမည်။

ငွေစီးဆင်းမှုတွင် သိသိသာသာ တိုးလာစေခြင်း

3PL သည် ငွေစီးဆင်းမှုကို တိုးအောင်နှင့် ကုမ္ပဏီ၏ စီမံခန့်ခွဲမှုပိုင်းကို တည်ငြိမ်မှုရှိအောင် ပံ့ပိုးဆောင်ရွက်ပေးပြီး ယင်းကို ငွေစာရင်းရှင်းတမ်းအရ ကြည့်လျှင် အလွယ်တကူ နားလည်နိုင်သည်။

ဖြေရှင်းနည်းများသို့ ပြန်သွားရန်

အချက်အလက်များကို ပိုမိုသိရှိရန် ကျွန်ုပ်တို့၏ ကုန်စည်ပို့ဆောင်ရေး ကျွမ်းကျင်ပညာရှင်များကို ဆက်သွယ်ပေးပါ။

သင့်တွင် ရှိနေနိုင်သည့် မေးခွန်းများကို ကျွန်ုပ်တို့၏အဖွဲ့က ဖြေဆိုပေးရန် အသင့်ရှိနေပါသည်။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

LinkedIn တွင် ကျွန်ုပ်တို့ကို ဖော်လိုလုပ်ပါ