ဟာလာ ကုန်စည်ပို့ဆောင်ရေး

မွတ်စလင်များအတွက် စိတ်အေးချမ်းသာစေမှု။
ဟာလာကုန်စည်များကို ထုတ်လုပ်သူထံမှ စားသုံးသူထံ ယူဆောင်ပေးမှု။

ဖောက်သည်အနေဖြင့် ဟာလာထောက်ခံချက်ရလက်မှတ်ကို ရယူပြီး ထုတ်လုပ်ထားသည့် ကုန်ပစ္စည်းကို သယ်ယူပို့ဆောင်စဉ် Haram ပစ္စည်းများဖြစ်သည့် (အရက်၊ ဝက်သား စသည်တို့ဖြင့်) ထိတွေ့မိပါက ၎င်း၏ ဟာလာအရည်အသွေးကို ဆုံးရှုံးသွားနိုင်ပေသည်။
Nippon Express သည် ကျွန်ုပ်တို့၏ နိုင်ငံတကာကွန်ရက်ကို ဟာလာနှင့်ဆိုင်သော ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းနှင့် ပေါင်းစည်းကာ မွတ်စလင်များ စိတ်ပူစရာမလိုဘဲ အသုံးပြုနိုင်မည့် ဟာလာကုန်စည်များ ပို့ဆောင်ပေးသည့်လုပ်ငန်းကို တည်ထောင်ထားပြီး ဖြစ်ပါသည်။

ကုမ္ပဏီက ရရှိထားပြီးဖြစ်သည့် ထောက်ခံချက်လက်မှတ်များ

မလေးရှား

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ- JAKIM က ထုတ်ပေးသည့် MS2400-1 (ပို့ဆောင်ရေး) လက်မှတ်ကို ရရှိသည်
၂၀၁၆ ခုနှစ် အောက်တိုဘာလ- Jakim သည် ကျွန်ုပ်တို့၏ ရုံးတွင်း Sertu လုပ်ငန်းစဉ်ကို ပံ့ပိုးပေးသည်
၂၀၁၇ ခုနှစ်၊ မေလ- JAKIM က ထုတ်ပေးသည့် MS2400-2 (ဂိုဒေါင်) လက်မှတ်ကို ရယူခဲ့သည်

ဂျပန်

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ- ဂျပန်နိုင်ငံ ဟာလာ အဖွဲ့အစည်း (Japan Halal Association) က ထုတ်ပေးသည့် လက်မှတ်ကို တိုကျို ရေကြောင်းပို့ဆောင်ရေး ရုံးခွဲ (Tokyo Marine Shipping Branch) (ဂိုဒေါင်) က ရယူခဲ့သည်
၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ- ဂျပန်နိုင်ငံ ဟာလာ အဖွဲ့အစည်း (Japan Halal Association) က ထုတ်ပေးသည့် လက်မှတ်ကို တိုကျို ရေကြောင်းပို့ဆောင်ရေး ရုံးခွဲ (Tokyo Marine Shipping Branch) (ကွန်တိန်နာလှည်းဖြင့် ပို့ဆောင်ရေး) က ရယူခဲ့သည်
၂၀၁၇ ခုနှစ်၊ မတ်လ- ဂျပန်နိုင်ငံ ဟာလာ အဖွဲ့အစည်း (Japan Halal Association) က ထုတ်ပေးသည့် လက်မှတ်ကို ဖူကူအိုကာ ရေကြောင်းပို့ဆောင်ရေး ရုံးခွဲ (Fukuoka Marine Shipping Branch) (ဂိုဒေါင်နှင့် ကွန်တိန်နာ လှည်းဖြင့် ပို့ဆောင်ရေး) က ရယူခဲ့သည်

အင်ဒိုနီးရှား

၂၀၁၈ ခုနှစ်၊ ဧပြီလ- LPPOM-MUI က ထုတ်ပေးသော လက်မှတ်ကို Nippon Express အင်ဒိုနီးရှားက ရယူခဲ့သည်
၂၀၁၈ ခုနှစ်၊ ဇွန်လ- LPPOM-MUI က ထုတ်ပေးသော လက်မှတ်ကို Nittsu Lemo Indonesia Logistik က ရယူခဲ့သည်
၂၀၁၈ ခုနှစ်၊ ဇူလိုင်လ- LPPOM-MUI က ထုတ်ပေးသော လက်မှတ်ကို NEX Logistics အင်ဒိုနီးရှားက ရယူခဲ့သည်

Nippon Express ဟာလာ ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီ

  • လေကြောင်းဖြင့် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုများ
  • ရေကြောင်းဖြင့် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုများ
  • ကုန်တင်ကားဖြင့် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုများ
  • ကွန်တိန်နာ တွန်းလှည်း ဝန်ဆောင်မှုများ
  • ဂိုဒေါင်တွင် သိုလှောင်ခြင်း (အခန်း အပူချိန်၊ အအေးပေးခြင်း၊ အေးခဲခြင်း)
  • ဟာလာ ကုန်စစည်များကို ပို့ဆောင်ရေးအတွက် အထူး ကုန်စည်အာမခံ

ရရှိနိုင်သည့် ဝန်ဆောင်မှုများသည် သက်ဆိုင်ရာနိုင်ငံအလိုက် ကွဲပြားမှု ရှိပါသည်။

ဖြေရှင်းနည်းများသို့ ပြန်သွားရန်

အချက်အလက်များကို ပိုမိုသိရှိရန် ကျွန်ုပ်တို့၏ ကုန်စည်ပို့ဆောင်ရေး ကျွမ်းကျင်ပညာရှင်များကို ဆက်သွယ်ပေးပါ။

သင့်တွင် ရှိနေနိုင်သည့် မေးခွန်းများကို ကျွန်ုပ်တို့၏အဖွဲ့က ဖြေဆိုပေးရန် အသင့်ရှိနေပါသည်။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

LinkedIn တွင် ကျွန်ုပ်တို့ကို ဖော်လိုလုပ်ပါ