တရုတ် - ဥရောပ နယ်စပ်ဖြတ်ကျော်၍ ရထားဖြင့် သယ်ယူပို့ဆောင်ခြင်း (Eurasia Train Direct) 

ဝန်ဆောင်မှု အမည်
Eurasia Train Direct (တရုတ် - ဥရောပ နယ်စပ်ဖြတ်ကျော်၍ ရထားဖြင့် သယ်ယူပို့ဆောင်ခြင်း)
ပစ္စည်းပို့ဆောင်ပေးသည့် ဒေသများ
ဥရောပနိုင်ငံအားလုံး
ပစ္စည်းပို့ဆောင်ပေးသည့် အကွာအဝေး
၁၀,၀၀၀ ကီလိုမီတာခန့်
အစအဆုံး ကြာမြင့်ချိန်
၁၁~၁၆ ရက်

တရုတ်နိုင်ငံ ရထားအမြန်ချောပို့ စနစ်ကို အသုံးပြု၍ အာရှနှင့်ဥရောပအကြား သယ်ယူပို့ဆောင်ရေးကို ဆောင်ရွက်ပေးသော ဝန်ဆောင်မှုတစ်ခုဖြစ်သည်။
Nippon Express သည် တရုတ်နှင့်ဥရောပအကြား ဤနယ်စပ်ဖြတ်ကျော်၍ ရထားဖြင့် သယ်ယူပို့ဆောင်သည့် ဝန်ဆောင်မှုကို လေကြောင်းပို့ဆောင်ရေးနှင့် ရေကြောင်းပို့ဆောင်ရေးအကြား တည်ရှိသော “တတိယသယ်ယူပို့ဆောင်ရေးနည်းလမ်း”ကို ပံ့ပိုးပေးသည့် ထုတ်ကုန်အဖြစ် ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဖောက်သည်များ၏ ပို၍ပို၍ ကွဲပြားစုံလင်ပြီး ဆန်းပြားရှုပ်ထွေးသော ကုန်စည်ပို့ဆောင်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းရန် ဤထုတ်ကုန်ကိုအသုံးပြုနေသည်။
ရထားဖြင့် သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်သော စျေးကွက်လိုအပ်ချက်များကို တုံ့ပြန်ဆောင်ရွက်ရန် ကုမ္ပဏီအနေဖြင့် ကုန်တင်မည့်နေရာများ စိတ်ချရစွာ ရယူထားနိုင်ရန်နှင့် သယ်ယူပို့ဆောင်ရေးကြိမ်နှုန်းများကို တိုးမြှင့်စေရန် ရည်ရွယ်၍ ပုံမှန်စီစဉ်ပြေးဆွဲသည့် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများကို ပံ့ပိုးပေးနိုင်ရန် Xi'an မီးရထားကုမ္ပဏီတစ်ခုနှင့် BSA စာချုပ်ချုပ်ဆိုခဲ့သည်။ ထို့ပြင် Nippon Express သည် ဥရောပအတွက် ကုန်စည်ပို့ဆောင်ခြင်းနှင့် စပ်လျဉ်း၍ တောင်းဆိုမှုများကို စုစည်းဆောင်ရွက်နိုင်သောအခါ အသေးစား ကုန်ပစ္စည်းများကို ရှန်ဟိုင်းဒေသမှ မြန်မြန်ဆန်ဆန်နှင့် ဈေးသက်သာစွာ ပေးပို့လိုသော ဖောက်သည်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် စုပေါင်း သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတစ်ခုကို ဖော်ဆောင်ထားသည်။

နေရာများကို ပြောင်းလွယ်ပြင်လွယ်ရှိစွာ၊ ဈေးသက်သက်သာသာနှင့် အမြောက်အများ ရယူထားခြင်း
Xi'an မီးရထား ကုမ္ပဏီနှင့်အတူ ကုန်နေရာဝယ်ယူမှု သဘောတူညီချက် (ဤမှစ၍ နောက်ပိုင်းတွင် “BSA”) အပြီးသတ်စာချုပ်ချုပ်ဆိုမှုအပေါ် အခြေခံ၍ ၎င်းကို အကောင်အထည်ဖော်ခဲ့သည်။
ပုံမှန်စီစဉ်ပြေးဆွဲသော သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများ
ကုန်ပစ္စည်းများကို တရုတ်နိုင်ငံရှိ နေရာအနှံ့အပြားမှ စုပြီးနောက် Xi'an မှ ပိုလန်ရှိ Małaszewicze နှင့် ဂျာမနီရှိ Hamburg နှင့် Duisburg သို့ တစ်ပတ်လျှင်သုံးကြိမ် (အင်္ဂါ၊ ကြာသပတေးနှင့် သောကြာနေ့များတွင်) ပို့ပေးသည်။
အစအဆုံး ကြာချိန်ကို သိသိသာသာ လျှော့ချပေးခြင်း
ပုံမှန်စီစဉ်ပြေးဆွဲသော သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများကိုသုံး၍ ရှန်ဟိုင်းရှိ လုပ်ငန်းတွင်း CFS မှ Dusseldorf ရှိ လုပ်ငန်းတွင်း CFS သို့ (သောကြာနေ့တိုင်း ထွက်ခွာ၍) တစ်ပတ်တစ်ကြိမ် ပစ္စည်းပို့ဆောင်ပေးသည့် စုပေါင်း သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကို ပံ့ပိုးပေးပြီး Nippon Express တွင် ကုန်ထွက်ခွာမှုများနှင့် ရောက်ရှိမှုများကို ဘက်စုံပေါင်းစည်း၍ စီမံခန့်ခွဲသည့်စနစ်တစ်ခု ရှိသည်။ CFS များကြား အစအဆုံး ကြာချိန်မှာ ၁၁ ရက်မှ ၁၆ ရက်အတွင်းဖြစ်ပြီး ယင်းသည် သမားရိုးကျ ရေကြောင်း သယ်ယူပို့ဆောင်ရေးအတွက် လိုအပ်သော အစအဆုံး ကြာချိန် (ရက် ၄၀ ခန့်) နှင့် ယှဉ်လျှင် သိသိသာသာ လျော့နည်းသွားသည့် အချိန်ဖြစ်သည်။
ကုန်ပစ္စည်းပမာဏနှင့်အညီ ကွန်တိန်နာ ကြိုတင်မှာယူခြင်း (FCL) ဝန်ဆောင်မှုများနှင့် စုပေါင်းသယ်ယူပို့ဆောင်ရေး (LCL) ဝန်ဆောင်မှုများကို အသုံးပြုနိုင်ခြင်း

ဗီဒီယို

နယ်စပ်ဖြတ်ကျော် ပို့ဆောင်သည့် ကုန်စည်သို့ ပြန်သွားရန်

အချက်အလက်များကို ပိုမိုသိရှိရန် ကျွန်ုပ်တို့၏ ကုန်စည်ပို့ဆောင်ရေး ကျွမ်းကျင်ပညာရှင်များကို ဆက်သွယ်ပေးပါ။

သင့်တွင် ရှိနေနိုင်သည့် မေးခွန်းများကို ကျွန်ုပ်တို့၏အဖွဲ့က ဖြေဆိုပေးရန် အသင့်ရှိနေပါသည်။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

LinkedIn တွင် ကျွန်ုပ်တို့ကို ဖော်လိုလုပ်ပါ