CO 2 တွက်ချက်ရေးကိရိယာ
(NX-GREEN Calculator)
- ◆Notice of System Maintenance◆
-
NX-GREEN Calculator system maintenance is currently under emergency maintenance., and the service will be unavailable during the maintenance. Please try again later.
We apologize for any inconvenience this may cause and ask for your understanding.
စံပြတိုင်းတာခြင်း ကိရိယာ
-
သင်၏ ပစ္စည်းယူဆောင်မှုနှင့် ပို့ဆောင်မှုများအတွက် CO 2ထုတ်လွှတ်မှု တွက်ချက်ခြင်း
-
ထုတ်လွှတ်မှုအနည်းဆုံးဖြစ်စေမည့် နည်းလမ်းကို ရွေးချယ်ခြင်း
-
ရေကြောင်း၊ လေကြောင်း၊ ရထားလမ်းနှင့် ကုန်းကြောင်းပို့ဆောင်မှုများအပါအဝင် သယ်ယူပို့ဆောင်ရေးနည်းလမ်းအမျိုးမျိုးကို နှိုင်းယှဉ်ခြင်း နှိုင်းယှဉ်တွက်ဆခြင်း
သင်၏ ပို့ဆောင်မှုသတ်မှတ်ချက်များပေါ်အခြေခံ၍ ထွက်လာမည့် CO2ထုတ်လွှတ်မှုများကို တွက်ချက်ရန်
ခရီးအစ၊ ခရီးအဆုံးနှင့် ကုန်စည်ပမာဏတို့ကို ထည့်သွင်းထည့်သွင်းတွက်ချက်ခြင်း။
အခြားသော လုပ်ငန်းများစွာနည်းတူပင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင်လည်း CO2ထုတ်လွှတ်မှုများကို လျှော့ချရန် လုပ်ဆောင်မှုများပါရှိသည်။
Nippon Express သည် သင်၏သယ်ယူ ပို့ဆောင်မှုများကြောင့် ထွက်လာမည့် CO2 ထုတ်လွှတ်မှုများကို တွက်ချက်ရာတွင် သင့်ကို ကူညီတွက်ချက်ပေးနိုင်ရန် အောက်ပါလင့်ခ်ဖြင့်ကူညီ ပံ့ပိုးထားသည်။
NX-GREEN Calculator ဖြင့် လုပ်နိုင်သောအရာများ
- ခရီးအစနှင့် ခရီးအဆုံးအတွက် ကမ္ဘာပေါ်ရှိ မြို့၊ ဆိပ်ကမ်း၊ လေဆိပ် သို့မဟုတ် ရထားဘူတာ အားလုံးနီးပါးကို ထည့်သွင်း ရွေးချယ်နိုင်ပါသည်။
- သယ်ယူပို့ဆောင်ရေးနည်းလမ်းများစွာကြောင့် ဖြစ်ပေါ်လာမည့် CO2ထုတ်လွှတ်မှုများကို နှိုင်းယှဉ်ကြည့်နိုင်ပါသည်။
- ထွက်လာမည့် CO2ထုတ်လွှတ်မှုများအတွက် ပိုမိုအသေးစိတ် ဖော်ပြချက်ကို သိရှိရန် ခရီးတစ်ထောက်နားမည့်နေရာများ (ငါးနေရာအထိ) ကို သတ်မှတ်ပြီး မတူညီသော သယ်ယူပို့ဆောင်ရေးနည်းလမ်းများကို သတ်မှတ်ပါ
ဒေတာပမာဏများစွာ (မှတ်တမ်းဟောင်း စသည်ဖြင့်) သို့မဟုတ် တိကျသောလိုအပ်ချက်များပေါ်အခြေခံ၍ CO2 ထုတ်လွှတ်မှုများကို တွက်ချက်လိုပါက ကျွန်ုပ်တို့၏ အွန်လိုင်းမေးမြန်းမှုစနစ်ကို 2အသုံးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်သည်။
NX-GREEN Calculator အသုံးပြုနည်း (ဗားရှင်း 1)
- 1) သင်၏ ပစ္စည်းသွားယူမှုနှင့် ပို့ဆောင်မှု အခြေအနေများနှင့် ကိုက်ညီသော သယ်ယူပို့ဆောင်ရေးနည်းလမ်းများကို ရှာဖွေပါ။ သင်ထည့်သွင်းသော နှိုင်းယှဉ်ချက် ဆက်တင်များပေါ်အခြေခံ၍ ရလဒ်များကို ပြသသည်။
- 2) သယ်ယူပို့ဆောင်ရေး ရွေးချယ်စရာများကို လျှော့ပစ်ရန် ရွေးချယ်မှုဖြုတ်နိုင်သည်။
- 3) အကူးအပြောင်းတွင် ခရီးတစ်ထောက်နားမည့်နေရာများကို သတ်မှတ်ရန် "VIA" ခလုတ်ကို သုံးနိုင်သည်။
- ခရီးတစ်ထောက်နားမည့်နေရာတစ်ခုစီအတွက် နှစ်သက်ရာနည်းလမ်းတစ်ခုကို ရွေးချယ်ပါ။
- ခရီးထောက်နားမည့်နေရာ ငါးနေရာအထိ ထည့်နိုင်သည်။
- 4) ကိရိယာသည် သင်သတ်မှတ်ထားသည့် အခြေအနေများအောက်တွင် သင့်ကုန်စည်ကို သယ်ယူပို့ဆောင်စဉ် ထွက်လာမည့် CO 2ထုတ်လွှတ်မှုများကို တွက်ချက်ပါမည်။
- သင်ရွေးချယ်ထားသည့် သယ်ယူပို့ဆောင်ရေးနည်းလမ်းတစ်ခုစီအတွက် စုစုပေါင်း ပို့ဆောင်ရမည့်အကွာအဝေးနှင့် CO2ထုတ်လွှတ်မှုများကို နှိုင်းယှဉ်ကြည့်နိုင်ရန် မျက်နှာပြင်၏ ထိပ်ဆုံးတွင် ပြသထားသည်။
- အသေးစိတ်လမ်းကြောင်းတစ်ခုစီအတွက် CO2ထုတ်လွှတ်မှုများကို ကြည့်ရန် မျက်နှာပြင်၏ အောက်ခြေရှိ သယ်ယူပို့ဆောင်ရေးနည်းလမ်း တဘ်များကို ရွေးချယ်ပါ။
- EcotransIT World က ပံ့ပိုးပေးသော အချက်အလက်များကို အသုံးပြု၍ CO2ထုတ်လွှတ်မှုများကို တွက်ချက်သည်။ ဤအချက်အလက်များသည် အမှန်တကယ် Nippon Express လမ်းကြောင်းအချက်အလက်များနှင့် ကွဲပြားနိုင်သည်။