ကုန်လှောင်ရုံနှင့် ဖြန့်ချိရေး
သင်၏ ကုန်စည် စီးဆင်းမှုအတွက် ကျွန်ုပ်တို့၏ ကုန်လှောင်ရုံများက ဝန်ဆောင်မှုပေးလျက်ပါ။
ကျွန်ုပ်တို့သည် ဂျပန်၌ ခန့်မှန်းခြေအားဖြင့် ၂.၉၅ သန်း စတုရန်းမီတာနှင့် နိုင်ငံရပ်ခြား၌ ၂.၄ သန်း စတုရန်းမီတာ အကျယ်အဝန်းရှိသည့် ကုန်လှောင်ရုံကို ပိုင်ဆိုင်ထားသည်
ကျွန်ုပ်တို့၏ ဖြန့်ဝေရေး စင်တာများသည် ကုန်လှောင်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး အချက်အချာနေရာများတွင် ဗျူဟာမြောက်လိုအပ်ချက်မျိုးစုံကို ဖြည့်ဆည်းပေးသည်။
ကုန်စည်ပို့ဆောင်ရေးစင်တာ နိုင်ငံတကာ ကွန်ရက်
Nippon Express တွင် ကမ္ဘာ့အဆင့်မီ ကုန်လှောင်ရုံနှင့် ဖြန့်ကြက်ထားသော ကွန်ရက်တစ်ခုရှိသည်။
ဗျူဟာမြောက် ကုန်စည်ပို့ဆောင်ရေး
နိုင်ငံတကာ ကုန်စည်ပို့ဆောင်မှု
- ကျွန်ုပ်တို့သည် ကုန်ဝယ်ခြင်းမှရောင်းချခြင်းအထိ တစ်နေရာတည်းအပြီး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုများကို ပံ့ပိုးပေးပါသည်။ ကျွန်ုပ်တို့၏ ကုန်လှောင်ရုံများသည် သင်၏လုပ်ငန်းမိတ်ဖက်အဖြစ် သင်၏ ကုန်စည် စီးဆင်းမှုတစ်ခုလုံးကို စီမံထိန်းချုပ်ပေးသည်။
- ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝှမ်းရှိရှုပ်ထွေးသောကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုများကို ရုံးခွဲ ခု ဖြန့်ကြက်ထားပြီး နိုင်ငံ/ဒေသပေါင်း ခုတို့မှ ခိုင်မာသောကွန်ယက်ဖြင့် စီမံထိန်းချုပ်ပေးသည်။
3PL
ကျွန်ုပ်တို့သည် ဘက်စုံကုန်စည်ပို့ဆောင်ရေးကုမ္ပဏီအနေဖြင့် အဆင့်မြင့် 3PL ဝန်ဆောင်မှုများကို ပံ့ပိုးပေးသည်။ ကျွန်ုပ်တို့တွင် ပစ္စည်းအင်အားများစွာနှင့် ရှည်လျားလှသော အတွေ့အကြုံသမိုင်းကြောင်းမှ ရရှိသည့် နည်းပညာ ဗဟုသုတ မြောက်များစွာကို ပိုင်ဆိုင်ထားသည်။
အံဝင်ခွင်ကျဖြည့်ဆည်းပေးသော ဝန်ဆောင်မှုများနှင့် အပိုဆောင်း ဝန်ဆောင်မှုများ
- စစ်ဆေးခြင်း၊ ထုပ်ပိုးခြင်းနှင့် ဈေးနှုန်းတံဆိပ်များကပ်ခြင်း အပါအဝင် ဖြန့်ဖြူးခြင်းလုပ်ငန်းအမျိုးမျိုးအတွက် အပိုဆောင်းဝန်ဆောင်မှုများကို ပံ့ပိုးပေးသည်
- IT နည်းပညာများသုံး၍ နိုင်ငံတကာအဆင့် ကုန်လှောင်ရုံဆိုင်ရာ အချက်အလက်အားလုံးကို စီမံခန့်ခွဲ ထိန်းချုပ်သည်
ပစ္စည်းရွေးယူခြင်း

- Taiwan
Tainan Warehouse - Nippon Express (Taiwan) Co., Ltd ၏ ထိုင်ဝမ်နိုင်ငံတောင်ပိုင်း တိုင်နန်မြို့တွင်တည်ရှိသော ကိုယ်ပိုင် သိုလှောင်ရုံသည် ပြီးခဲ့သော ဖေဖော်ဝါရီလမှစ၍ Bonded Certification ကိုရရှိခဲ့ပြီး ဇူလိုင်လ ၁၁ရက်နေ့ တွင် ဈေးကွက်လိုအပ်မှု တိုးများလာသော Semiconductorပစ္စည်းများအတွက် လေအေးပေးစက်များတပ်ဆင်ထားသည့် သိုလှောင်ရန်နေရာတစ်ခုကိုလည်း ဖွင့် လှစ်ထားရှိပါသည်။

- USA
Huntsville Logistics Center 2 - သိုလှောင်ရုံအသစ်တွင် ဂျပန်နှင့် မက္ကဆီကိုနိုင်ငံတို့မှ ပေးပို့သောမော်တော်ကားအစိတ်အပိုင်းများကို အဓိကထား၍ အမျိုးအစားခွဲပြီး ၎င်းတို့ကို ရောင်းချသူ 30 ကျော်အား ဖြန့်ဖြူးပေးပါသည်။၎င်းသည် ကုန်ထုတ်လုပ်ငန်းများ၊ကုန်သွယ်ရေးကုမ္ပဏီများ နှင့်မော်တော်ကားအစိတ်အပိုင်းများထုတ်လုပ်သူ၊ ရောင်းချသူ အခြားဖောက်သည်များကို နောက်ဆက်တွဲပံ့ပိုးပေးရန် ထုတ်ကုန်အစိတ်အပိုင်းများကိုသိုလှောင်ထားရှိပေးရန် ရည်ရွယ်ထားပါသည်။

- Belgium
Genk Logistics Centre - COVID-19 ကူးစက်ပျံ့နှံ့မှုနှင့်အတူ ဥရောပ၏ e-commerce စျေးကွက် ကြီးထွားလာသည်နှင့်အမျှ (အထူးသဖြင့် အဝတ်အထည်လုပ်ငန်းဖောက်သည်များအတွက်) နေရာရွှေ့ပြောင်းရန်၊ စုစည်းရန်နှင့် ဖြန့်ဖြူးရေးစင်တာများချဲ့ထွင်ရန်ဆောင်ရွက်ချက်များကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေကြသည်။
Nippon Express (Belgium) N.V./S.A. သည် ဘယ်လ်ဂျီယမ်နိုင်ငံအရှေ့ဘက်ရှိ Genk Green Logistics Park ၏ Genk Logistics Centre တွင် ၎င်း၏ စတုတ္ထမြောက် လုပ်ငန်းတည်နေရာကို တည်ထောင်ခဲ့ပြီး အဆိုပါစင်တာကို ဧပြီလ 25 ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။
ကျွန်ုပ်တို့၏ ကုန်လှောင်ရုံနှင့် ဖြန့်ချိရေး ဝန်ဆောင်မှုတွင် ပါဝင်သည်များမှာ
- ကုန်တင်ကုန်ချ
- အချက်အချာ
- PO / SO စီမံခန့်ခွဲမှု
- သိုလှောင်ကုန် စီမံခန့်ခွဲမှု၊ မြင်သာမှု၊ ခြေရာခံမှုနှင့် စီမံချက်ရေးဆွဲမှု
- တံဆိပ်ကပ်ခြင်းနှင့် အမျိုးအစားခွဲစီခြင်း
- ပစ္စည်း စာရင်း
- စစ်ဆေးခြင်း / အရည်အသွေးထိန်းချုပ်မှု
- ဝတ်စုံ၊ ကိရိယာတန်ဆာပလာ
- ပြည်ပနိုင်ငံသားများအတွက် ကုန်လှောင်ခြင်းဆိုင်ရာ ဝန်ဆောင်မှု
- VMI
- JIT ပစ္စည်းပို့ဆောင်မှုများ
- ငွေစီးဆင်းမှုတိုးတက်ရေး
- ထိန်းချုပ်ရေးတာဝါ
- ပစ္စည်းယူခြင်း
- ကုန်ဝင်
- ကုန်ထွက်
- SCM
- 3PL
- ကုန်စည်ပို့ဆောင်ရေး
- ကုန်လှောင်ရုံ ဖြန့်ချိရေး
- ကုန်စည် စီးဆင်းမှု
- VAS
- အပိုဆောင်း ဝန်ဆောင်မှု